Connect with us

Videos

မူးယစ် ဆေးဝါး သုံးစွဲမှု ထိန်းချုပ်နိုင်ရေးအတွက် လူငယ်ထုအကြား စုပေါင်း ဆောင်ရွက်သည့် အလေ့အထများ မြင့်တက်ရန် အရေးကြီး

ရန်ကုန် ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ မူးယစ် ဆေးဝါး သုံးစွဲမှု ထိန်းချုပ်ကာကွယ်နိုင်ရန် လူငယ် အချင်းချင်း စုပေါင်း ဖွဲ့စည်း ဆောင်ရွက်သည့် ဝါသနာ အလေ့အထများ မြင့်တက်လာရန် အရေးကြီးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၃) ၏ တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး ဦးကျော်ကျော်မင်း က ဇွန်လ ၁၀ ရက်တွင် ဆင်ဟွာ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းရာတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ်နေခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ် ဆောင်ရွက်ရန် ၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေမှုများ လျော့နည်း ပပျောက်စေရန် အုပ်ချုပ်ရေးနှင့် လုံခြုံရေး အဖွဲ့အစည်းများ သာမက လူငယ် လူရွယ်များနှင့် ၎င်းတို့၏ မိဘများ ပါဝင် လာရေး အလေးထား ဆောင်ရွက်ကြရန် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် မေလအတွင်း တွေ့ဆုံစဉ် ထည့်သွင်း မှာကြားခဲ့သည်။
ဒုတိယ ရဲမှူးကြီး ဦးကျော်ကျော်မင်းက မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ကဏ္ဍအား ရက် ၁၀၀ အတွင်း အထူး စီမံချက်များ ချမှတ် ဆောင်ရွက်ရာတွင် ခုလိုပဲပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် နှစ်များအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အခြေအနေမှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၂၂,၀၄၄ မှု ရှိသည့်အနက် စိတ်ကြွ ဆေးပြား ဖမ်းဆီးရမိမှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြား လာပြီး ယခု ၂၀၁၆ ခုနှစ် မေလအထိ စိတ်ကြွ ဆေးပြား ၄၃ သန်းအထိ ဖမ်းဆီးရမိထားကြောင်း သိရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့နည်း ပပျောက်အောင် နိုင်ငံမှ ဆောင်ရွက်နေသည့် အပိုင်းများ ရှိသကဲ့သို့ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံ အပါအဝင် ကုလသမဂ္ဂ ၏ အစီအမံများနှင့် နယ်မြေ ဒေသများ သတ်မှတ်ပြီး ဆောင်ရွက်ပေးနေခြင်းများ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.