Connect with us

Videos

မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ နိုင်ငံတော် သမ္မတထံ တင်ပြ

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအား နိုင်ငံတော် သမ္မတထံ တင်ပြထားကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ သြဂုတ်လ ၆ ရက်နေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မောင်တောဒေသတွင်းဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရန်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဆောင်ရွက်ရန်၊ နယ်မြေရှင်းလင်းဆောင်ရွက်ချက်များအပေါ် ပြင်ပကစွပ်စွဲချက်များအား မှန်ကန်မှုရှိမရှိစစ်ဆေးရန်၊ ပြည်သူများ၏ လုံခြုံရေးအတွက် အာမခံချက်ပေးနိုင်ရန်၊ ပဋိပက္ခများကြိုတင်ကာကွယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများပေးရန်၊ နောင်အကြမ်းဖက်မှုများထပ်မံမဖြစ်ပွားရန် ဆောင်ရွက်သင့်သည့် အစီအမံများ အကြံပြုပေးရမည့် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ တင်ပြထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် တွေ့ရှိချက်များတွင် မောင်တောဒေသသည် လုံခြုံရေးအရ စိတ်ချသည့်အခြေအနေသို့ ရောက်ရှိခြင်းမရှိသည့်အပြင် နောက်ထပ် အကြမ်းဖက်တိုက်ခိုက်ရန် စနစ်တကျကြံစည်ဆောင်ရွက်နေသည့် ဖြစ်စဉ်များကိုလည်း တွေ့ရှိနေကြောင်း၊ တရားဥပဒေအရ စောင့်ရှောက်မှုများနှင့် ဒေသတွင်း လုံခြုံရေးအတွက် ရေရှည်စီမံမှုများ လိုအပ်ကြောင်း မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်၏ အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ပြောကြားသည်။

အဆိုပါ မောင်တောဒေသတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများ ထပ်မံပေါ်ပေါက်လာနိုင်ခြေရှိသဖြင့် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးစောင့်ကြည့်ရေး ညှိနှိုင်းရေးရုံးကို မောင်တောဒေသတွင် ဖွင့်လှစ်ထားရန်၊ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးနှင့် နယ်စပ် ဒုစရိုက်သမားများအား ကိုင်တွယ်ဖြေရှင်းရန် ကော်မရှင်အနေဖြင့် အကြံပေးထားကြောင်း ၎င်းကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.