Videos
မြင့်မားလှသည့်ချားရဟတ်ကြီး နှင့် ရိုလာကိုစတာများပေါ်တွင်ပိတ်မိနေသူများအား ကယ်ဆယ်ရေးလေ့ကျင့်
ရှန်ဟိုင်း၊ ဩဂုတ် ၂၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရှိ ရှီဟွေ့ခရိုင်တွင် အပန်းဖြေဥယျာဉ်တစ်ခု ၌ အများပြည်သူလာရောက်အပန်းဖြေစီးနင်းနိုင်သည့် ချားရဟတ်ကြီး နှင့် ရိုလာကိုစတာ များပေါ်တွင် ပိတ်မိနေသူများရှိပါက အရေးပေါ်မည်သို့ကယ်ဆယ်မည် ကို စမ်းသပ်လေ့ကျင့်သည့်လေ့ကျင့်ခန်းတစ်ရပ်ကို မီးသတ်တပ်ဖွဲ့ဝင်များ စွန့်စွန့်စားစားပြုလုပ်ခဲ့ကြသည်။ ပုံမှန်ကယ်ဆယ်ရေးလုပ်ငန်းများနှင့်မတူထူးခြားသည်မှာ မြေပြင်မှ မြင့်မားလှသည့် ရဟတ်ကြီးနှင့် ရိုလာကိုစတာအတွင်းမှ လူများကိုကယ်ဆယ်ရခြင်းဖြစ်သောကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များမှာ စွမ်းရည်အလွန်ကောင်းရုံတင် မကဘဲ နည်းစနစ်ကျနမှုလည်း အလွန်လိုအပ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတစ်ခုလုံးမှာလည်း အန္တရာယ်အလွန်များသည်ကို ယခု video ၌ မြင်တွေ့နိုင်ပါသည်။ (Xinhua)