Connect with us

Videos

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ သန်း ၃၀၀ကျော်ဖိုး မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၃၀၁ ဒသမ ၁၆၄၂ သန်း (မြန်မာကျပ်ငွေ ၄၅၁ ဒသမ ၇၄၆ ဘီလီယံ)ဖိုးကို ယနေ့ ကျရောက်သော (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ရန်ကုန်၊ မန္တလေးနှင့်် တောင်ကြီးမြို့များ၌ ယနေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၁၀၈သန်းကျော်ဖိုး(မြန်မာကျပ်ငွေ ၁၆၃,၀၂၂ သန်းကျော်)အား ယနေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က ပြောကြားသည်။

မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ်ဖြစ်၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ပါဝင်လက်မှတ်ရေးထိုးပြီး ကွန်ဗင်းရှင်း သတ်မှတ်ချက်နှင့်အညီ ခေတ်အဆက်ဆက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၁၁၄၁ မှုဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၁၇၅၄ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူခဲ့ကြောင်း ရဲမှူးချုပ် မျိုးမင်းထိုက်က ပြောသည်။

ယခုနှစ် ရန်ကုန်မြို့တွင်ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့ပြီး တရားရုံးပြီးပြတ်ခဲ့သည့် အမှု ၃၉၇၅မှုမှ မူးယစ်ဆေးဝါး ၂၂မျိုး ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.