Videos
မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ပြည်ထောင်စု လွှတ်တော် သဘောတူ
နေပြည်တော်၊ မေ ၁၀ ရက် (ဆင်ဟွာ)
မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်အား လက်မှတ် ရေးထိုးရန် ကိစ္စကို ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် သဘောတူညီလိုက်သည်။
အဆိုပါ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ဖောင်းပြင် မဲဆန္ဒနယ် ဦးထွန်းဝေ၊ တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းလွင်တို့က ထောက်ခံ ဆွေးနွေးခဲ့ပြီးနောက် သဘောတူခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနတို့ကြား နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံရေး၊ တည်ငြိမ်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ကာကွယ်ရေး မူဝါဒများကို အပြန်အလှန် နားလည်ရေး ကိစ္စများကို ဆွေးနွေးခြင်းများ ပြုလုပ်ခြင်းဖြင့် တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အများအပြား၌ ပိုမို ခိုင်မာစေရန် ရည်ရွယ်ပြီး လက်မှတ် ရေးထိုးရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ် မြင့်နွယ်က မေလ ၅ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)