Videos
မြို့ချင်းသွားနှင့်မြို့တွင်းသွားလာရာတွင် အသုံးပြုရန်သင့်တော်သည့် သံလိုက်ရထားသစ်တစ်မျိုးအား တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်
ချန်ချွမ်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး
မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့် မောင်းနှင်နိုင်သည့် သံလိုက်ရထားသစ်တစ်မျိုးကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ချန်ချွမ်းမြို့တွင် သံလမ်းတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။magnetic levitation technology သံလိုက်နည်းပညာဖြင့် ပြုလုပ်ထားသည့် အဆိုပါရထားကို တရုတ်နိုင်ငံ CRRC Changchun Railway Vehicles Co., Ltdက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
အမြန်ဆုံး တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ နှုန်းဖြင့်မောင်းနှင်နိုင်သည့် ယင်းရထားသည် climbing capacity ကုတ်အားကောင်းပြီး short turning radius ရှိကာ ဆူညံသံနည်းပါးကြောင်းသိရသည်။
ရထားတွဲ(၃)ခုပါသည့် အဆိုပါရထားသည် ခရီးသည် ၅၀၀ တင်ဆောင်နိုင်ကြောင်း သိရသည်။
၎င်းသံလိုက်ရထားကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ချင်းယွမ်မြို့ ခရီးသွားလမ်းကြောင်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကုမ္ပဏီပြောကြားချက်များအရ သိရသည်။
ကုန်ကျစရိတ် သက်သာပြီး ဆောက်လုပ်မှုအချိန်တိုတောင်းခြင်းကြောင့် ၎င်းသံလိုက်ရထားအား မြို့ချင်းသွားလာရာနှင့် မြို့တွင်းသွားလာရာတွင် အသုံးပြုရန် သင့်တော်ကြောင်း သိရသည်။ (Xinhua)