Connect with us

Videos

ယာဉ်သွားလမ်း (၇) လမ်းအထိ ပါဝင်မည့် တရုတ်နိုင်ငံ၏ အကြီးဆုံးရေအောက်ဥမင်လှိုဏ်ခေါင်း တည်ဆောက်

နန်ချန်း၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ယန်စီမြစ်၏ အဓိကမြစ်လက်တက် အောက်ခြေတွင် ရေအောက် ဥမင်လိုဏ်ခေါင်း တစ်ခုကို တူးထားပြီး ထို လိုဏ်ခေါင်း တွင်အကွာအဝေး မီတာ ၃ဝဝဝ နီးပါးရှိ ယာဉ်သွားလမ်းပေါင်း ၇ လမ်း ဖောက်လုပ်ထား သည်။ ထို စီမံကိန်း သည် နန်ချန်း မြို့၏ အရှေ့နှင့် အနောက်ပိုင်းတို့ကို ဆက်သွယ်ပေးနိုင်သည့် လမ်းတစ်ခု ဖြစ်စေရန် ရည်ရွယ်သကဲ့သို့ နိုင်ငံအတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေလျော့နိုင်စေရန်အတွက်လည်းဖြစ်သည်ဟုသိရသည်။

၎င်းက တရုတ်နိုင်ငံ၏အကြီးဆုံးရေအောက်ဥမင်လှိုဏ်ခေါင်းတစ်ခုဖြစ်ကြောင်း၊ များစွာသော သံဘောင်များ ကိုအသုံးပြု၍ ယာဉ်လမ်းကြောင်း ၇ ကြောင်းအထိပြေးဆွဲနိုင်အောင်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ ထို လှိုဏ်ခေါင်းကို အသုံးပြု ပါကယာဉ်မောင်းများ အချိန်ကုန်သက်သာစေကြောင်းသိရသည်။

အဆိုပါ လှိုဏ်ခေါင်း လမ်းတွင် အရေးပေါ်ထွက်ပေါက်နှင့် အရေးပေါ်နားခိုနိုင်သည့်ခန်းမ များလည်းပါဝင်သည်။ အရေးပေါ်အခန်းတွင် လူပေါင်း ၂၂ဝဝ ကျော် အထိ ခိုလှုံနိုင်အောင်ဆောက်လုပ်ထားသည်။ အရေးပေါ် အခြေအနေ ကြုံတွေ့ပါက လူများမှာ ဥမင်ထဲတွင် တပ်ဆင်ပေးထားသည့် ဓါတ်လှေခါးများ ၊ လှေခါး များမှ တစ်ဆင့်အရေးပေါ်အခန်း ထဲတွင် ခိုလှုံနိုင်မည်ဖြစ်သည်။ စီမံကိန်းတစ်ခုလုံး ယခုနှစ်အကုန်တွင် ပြီးစီးမည်ဟု မျှော်လင့်ထားကြောင်းနှင့် ၂ဝ၁၇ ခုနှစ် ဇွန်လလောက်တွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.