Videos
ယူကရိန်းနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီကို နိုင်ငံရေးဖြင့်ဆက်နွယ်မှုမလုပ်ဖို့ တရုတ်ကိုယ်စားလှယ်သတိပေး
ကုလသမဂ္ဂ၊ မတ် ၁ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ၏ တရုတ်နိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သူ Zhang Jun က ယူကရိန်းနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရာတွင် နိုင်ငံရေးနှင့်ဆက်နွယ်မှုမလုပ်ရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် သတိပေးပြောကြားခဲ့သည်။
“ယူကရိန်းမှာဖြစ်ပွားနေတဲ့အခြေအနေဟာ အမှန်တကယ်ကို စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါတယ်၊ တရုတ်နိုင်ငံဘက်က လည်း သက်ဆိုင်သူအားလုံးကို သည်းခံကြဖို့၊ အခြေအနေတင်းမာမှုကိုဖြေလျှော့ဖို့နဲ့ အရပ်သားတွေကိုထိခိုက်မှုမရှိစေရန်ရှောင်ရှားဖို့ တောင်းဆိုတိုက်တွန်းထားပါတယ်။ အရပ်သားတွေအားလုံးရဲ့ အသက်အိုးအိမ်လုံခြုံရေးဆိုတဲ့နေရာမှာ နိုင်ငံခြားသားတွေလည်းပါဝင်နေပြီး သူတို့အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကိုလည်း ထိရောက်စွာအာမခံချက်ပေးထားနိုင်ဖို့လိုအပ်ပါတယ်” ဟု ကုလသမဂ္ဂ၏ တရုတ်နိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သူ Zhang Jun ကဆိုသည်။
“အဓိက အရေးအကြီးဆုံးကတော့ကြီးမားများပြားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကြီးတစ်ခု ဖြစ်ပေါ်မလာအောင် တားဆီးရမှာဖြစ်တယ်” ဟု ယူကရိန်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေနှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ၎င်းကဆိုသည်။
ကုလသမဂ္ဂအနေဖြင့် ယူကရိန်းနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုဆို င်ရာအကူအညီ အထောက်အပံ့များကို တက်ကြွစွာပံ့ပိုးကူညီပေးမည်ဟု ဆိုသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ၏ “ မိမိတို့အနေဖြင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးဟာ လူသားဆန်ခြင်း၊ ဘက်မလိုက်ခြင်း နဲ့ အထွေထွေညီလာခံဆုံးဖြတ်ချက် အမှတ် ၄၆/၁၈၂ မှာ ဖော်ပြထားသလိုပဲ သမာသမတ်ကျမှုနဲ့အတူ နိုင်ငံရေးစွက်ဖက်မှုကို ရှောင်ကြဉ် ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့တွေကို ထောက်ပံ့ပေးသင့်ပါတယ်” ဆိုတဲ့ မိန့်ခွန်းကို တရုတ်နိုင်ငံက ကြိုဆိုထောက်ခံ့ခဲ့သည်။
Zhang က “ဒီအချိန် မှာ အရေးအကြီးဆုံးကတော့ သံတမန်နည်းလမ်းအရ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့၊ နိုင်ငံရေးအရ ပြေလည်မှု အမြန်ဆုံး ရရှိစေဖို့ အပြင် အခြေအနေတစ်ခုလုံး တင်းမာမှုတွေလျော့ကျသွားအောင်လုပ်ဆောင်ဖို့ဆိုတဲ့အချက်တွေပဲလုပ်ဆောင်ဖို့ အရေးကြီးပါတယ်” ဟုဆိုသည်။
တရုတ်နိုင်ငံက ယခု အရေးကိစ္စအပေါ် အကောင်းဆုံးဖြေရှင်းနည်းဖြစ်သည့် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်နိုင်ရန် အားပေးသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ဆွေးနွေးညှိနှိုင်းရန်နှင့် နိုင်ငံရေးတည်ငြိမ်မှုရှိစေရန် အဆင်ပြေစေမည့် ပြည်ပ အထောက်အပံ့များ ကို ကူညီပေးသင့်ကြောင်းနှင့် တင်းမာမှုများကို ပိုမိုဆိုးဝါးလာစေရန်မြှောက်ပေးခြင်းများကိုရှောင်ရှားသင့်ကြောင်း ၎င်းကဆိုသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လုပ်ဆောင်ချက်မှန်သမျှသည် တင်းမာမှုများတိုးမြင့်စေရန် ဦးတည်ခြင်းထက် အပြုသဘော ဆောင် ခြင်းသာ ဖြစ်သင့်ကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(English Version)
Chinese envoy warns against politicization of humanitarian aid to Ukraine
UNITED NATIONS, Feb. 28 (Xinhua) — A Chinese envoy on Monday warned against the politicization of humanitarian assistance to Ukraine.
What is unfolding in Ukraine is indeed heart-wrenching. China calls on all parties concerned to exercise restraint, de-escalate the situation, and avoid civilian casualties. The safety of life and property of all civilians, including those of foreign nationals, and their humanitarian needs should be effectively guaranteed, said Zhang Jun, China’s permanent representative to the United Nations.
It is of utmost importance to prevent a large-scale humanitarian crisis, he told a Security Council meeting on the humanitarian situation in Ukraine.
China welcomes the remarks by UN Secretary-General Antonio Guterres that the United Nations will play an active role in coordinating the humanitarian assistance in Ukraine, he said. “In our view, the United Nations and the international community should provide humanitarian assistance in accordance with the principles of humanity, neutrality and impartiality as set forth in General Assembly Resolution 46/182, and avoid politicization.”
What remains most important at the time is to return to the track of diplomatic negotiations and political settlement as soon as possible, and to promote de-escalation of the situation, said Zhang.
China supports the holding of direct dialogues and negotiations between Russia and Ukraine, which is the ultimate way to solve this issue. The international community should foster favorable external conditions for dialogue and political settlement, and avoid exacerbating the tensions. Any action by the Security Council should help play a constructive role, rather than leading to further escalation, he said.