Connect with us

Videos

ယူကရိန်း နိုင်ငံတစ်ဝန်းစစ်ဘက်ဆိုင်ရာပစ်မှတ်များ တိုက်ခိုက်ခံရပြီဖြစ်ကြောင်းအတည်ပြု

မော်စကို/ကိဗ်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာတီမာ ပူတင်က ကြာသပတေးနေ့တွင် ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးလုပ်ဆောင်ရန် အမိန့်ပေးခဲ့ပြီး ယူကရိန်းဘက်မှလည်း နိုင်ငံတစ်ဝန်းစစ်ဘက်ဆိုင်ရာ ပစ်မှတ်များ တိုက်ခိုက်ခံရပြီဖြစ်ကြောင်း အတည်ပြုချက်ပေးခဲ့သည်။

“ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာကိုထိပါးမယ့်အစီအစဉ်မရှိကြောင်း မိမိတို့ဟာ မည်သူ့ကိုမျှ အတင်းအကြပ်ချုပ်ကိုင်မှာမဟုတ်ကြောင်း” ပူတင်က နိုင်ငံသူနိုင်ငံသားများအား ရုပ်သံမိန့်ခွန်းမှတစ်ဆင့်ပြောကြားခဲ့ပြီး ရုရှားနိုင်ငံ၏ လှုပ်ရှားမှုသည် ဥရောပတိုက်အရှေ့ပိုင်းသို့ချဲ့ထွင်လာသည့် မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO)က ရုရှားနယ်စပ်လုံခြုံရေးအား ခြိမ်းခြောက်လာဖွယ်ရှိသည့် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာသောကြောင့် ၎င်း၏ ပိုက်နက်နယ်မြေအား ကာကွယ်ရန် တုန့်ပြန်ခြင်းဖြစ်ကြောင်းဆိုသည်။

ပူတင်က ယူကရိန်းပိုင်နက်တွင် နေထိုင်သော ပြည်သူများအားလုံးအနေဖြင့် “မိမိတို့ နှင့် မိမိတို့၏ သားသမီးများ၏ အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်ရန်” ပြောကြားခဲ့သည်။

ဒေသတွင်းမီဒီယာများ၏ အဆို အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်တွင် ရှိသည့် နိုင်ငံ၏ အကြီးဆုံးလေဆိပ်ကြီး Boryspil နှင့် နိုင်ငံတစ်ဝန်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အဦများတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ နိုင်ငံ၏လေပိုင်နက်ကို အရပ်ဘက် လေယာဉ်များအတွက် ပိတ်ထားပြီး ဒေသဆိုင်ရာအာဏာပိုင်များက ခရီးသည်များနှင့် ဝန်ထမ်းများကို လေဆိပ်အတွင်းမှ ကယ်ထုတ်ခဲ့ပြီးဖြစ်သည်။

ရုရှားနိုင်ငံ မှ စစ်ဆင်ရေးလုပ်ဆောင်မှုကြောင့် ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky က ဖေဖော်ဝါရီ ၂၄ ရက်မှစတင်၍ နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးကိုစတင်ကြေညာခဲ့သည်။

ရုပ်သံမိန့်ခွန်းထဲတွင် Zelensky က နိုင်ငံသည် တိုက်ခိုက်မှုခံရပြီဖြစ်ကြောင်းဆိုသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ မြို့တော်အတွင်းရှိ စစ်အခြေစိုက်စခန်းများနှင့်လေယာဉ်ကွင်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခံခဲ့ရကြောင်းဆိုသည်။
ပူတင်က ဖေဖော်ဝါရီ ၂၁ ရက်တွင် Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) နှစ်ခုကို သီးခြားလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ဒီဂရီနှစ်ရပ် နှင့်အတူ ထိုဒေသများသို့ ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်များဝင်ရောက်ခြင်း အမိန့်များကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
NATO အဖွဲ့ သည် အရှေ့ဘက်သို့ ချဲ့ထွင်လာရန်မှာ အချိန်ကာလကိစ္စတစ်ခုမျှသာဖြစ်ကြောင်းယူဆပြီးနောက် ပူတင်သည် မကြာသေးမီက အမေရိကန်ပြည်ထောင်စုနှင့် NATO တို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့မှုကိုဆန့်ကျင်ကာ ယူကရိန်းသို့ စစ်ချီခဲ့ခြင်းဖြစ်သည်။
သူက ဖေဖော်ဝါရီ ၂၄ ရက်တွင် “ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ၌ နျူလက်နက်များပိုင်ဆိုင်မည်ကိုခွင့်မပြုနိုင်ကြောင်း” ဆိုကာ “ ယူကရိန်းနိုင်ငံအားဓားစာခံအဖြစ်” လုပ်ဆောင်ပြီး မိမိတို့နိုင်ငံကိုကာကွယ်ရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်းဖြည့်စွက်ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၏ အရေးကိစ္စတွင် ပြင်ပမှ ကြားဝင်စွက်ဖက်မှုများဖြစ်ပေါ်လာပါက ရုရှားနိုင်ငံအနေဖြင့် မဆိုင်းမတွ တုန့်ပြန်သွားမည့်အကြောင်းပူတင်က ဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက် ည ပိုင်းတွင် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် Zelensky က ပူတင်နှင့် ညှိနှိုင်းမှု မအောင်မြင်ကြောင်း” မိမိအနေဖြင့် ရုရှားနိုင်ငံ သမ္မတနှင့် တယ်လီဖုန်းဆက်သွယ်ဖို့ကြိုးပမ်းခဲ့ပေမဲ့ အကြောင်းပြန်ကြားခြင်းမရှိဘဲ ဆိတ်ဆိတ်နေခြင်းဖြင့် တုန့်ပြန်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

တပ်ဖွဲ့များကို နေရာချထားစဉ်တွင် ရုရှားနိုင်ငံက နိုင်ငံ၏ အနောက်ဘက် နယ်စပ်ရှိ ယူကရိန်းနှင့်ဘယ်လာရုစ် နိုင်ငံများရှိ အရပ်သားလေကြောင်းသွားလာမှုများကို ပိတ်ပစ်ခဲ့ကြောင်း လေကြောင်းအာဏာပိုင်များက ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ရုရှား စစ်တပ်သည် “ယူကရိန်း စစ်တပ်၏ အခြေခံအဆောက်အဦများ၊စစ်လေယာဉ်များနှင့် စစ်တပ်လေယာဉ်ကွင်းများ အပါအဝင် ယူကရိန်းလေကြောင်းများကို တိကျသည့်ပစ်မှတ်ရှာဖွေရေးလက်နက်များဖြင့် တိုက်ရိုက်ပစ်ခတ်ဖျက်ဆီးနေခြင်းဖြစ်ပြီး ယူကရိန်းနိုင်ငံ၏ မြို့များကိုပစ်မှတ်ထားမည်မဟုတ်ကြောင်းဆိုသည်။

ကိဗ်မြို့အပြင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် လည်း ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက စတင်ကာ တိုက်ခိုက်ခံနေရပြီဖြစ်ကြောင်း Interfax-Ukraine သတင်းဌာနက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ (Xinhua)
#Ukraine #specialmilitaryoperation #Donbassregion #VladimirPutin #underattack #Russianborders #xinhua #xinhuamyanmar #အထူးစစ်ဆင်ရေး #ဗလာတီမာပူတင် #ယူကရိန်း #တိုက်ခိုက်ခံရ#ဆင်ဟွာ #ဆင်ဟွာမြန်မာ
………………………
(English Version)
GLOBALink | Putin authorizes “special military operation” in Donbass region

MOSCOW/KIEV, Feb. 24 (Xinhua) — Russian President Vladimir Putin on Thursday authorized “a special military operation” in the Donbass region, and Ukraine confirmed that military targets across the country were under attack.
“Our plans do not include the occupation of Ukrainian territories. We are not going to impose anything on anyone by force,” Putin said in a televised speech to the nation, noting that Russia’s move is in response to “fundamental threats” of the North Atlantic Treaty Organization (NATO) which has expanded to eastern Europe and brought its military infrastructure closer to Russian borders.
Putin called on all people living on the territory of Ukraine to “independently determine the future of their own and children.”
In the Ukrainian capital of Kiev, explosions were heard at Boryspil International Airport and other places across the city, according to local media reports. The country’s airspace was closed for civilian aircraft, and local authorities were evacuating passengers and staff from the airport.
Ukrainian President Volodymyr Zelensky on Thursday declared martial law in the country following Russia’s military operation.
In a video address, Zelensky said his country is under attack. According to the Interior Ministry, military depots and airfields in the capital were hit by missiles.
Putin on Monday signed two decrees recognizing “the Lugansk People’s Republic” and “the Donetsk People’s Republic” as independent and sovereign states and deployed “peacekeeping” forces in the two regions.
Seeing it as “a matter of time” for NATO to expand eastward, Putin took military actions against Ukraine after his recent negotiations with the United States and NATO failed.
Russia will not allow Ukraine to have nuclear weapons, he said Thursday, adding that Russia took action to protect itself from “those who take Ukraine hostage.”
In case of external interference in the situation in Ukraine, Russia will respond immediately, Putin said.
In a late-night address Wednesday, Zelensky said he had unsuccessfully sought talks with Putin. “I initiated a telephone call with the president of the Russian Federation. Result: silence.”
While mobilizing troops, Russia closed its airspace to civilian aircraft on its western borders with Ukraine and Belarus, the aviation authorities said Thursday.
According to the Russian Defense Ministry, the Russian Armed Forces are destroying “military infrastructure, air defense facilities, military airfields, aviation of the Ukrainian Armed Forces” with high-precision weapons, not targeting Ukrainian cities.
Besides Kiev, several military targets in eastern and southern Ukraine were under attack early Thursday, according to the Interfax-Ukraine news agency.

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.