Videos
ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်) ကျင်းပ
ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)
၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)၏ ရခိုင်သြင်္ကန် ရီလောင်းပွဲအား ယနေ့ဧပြီ ၁၃ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း၌ စတင် ကျင်းပ ပြုလုပ်ခဲ့သည်။၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)၏ ရခိုင်သြင်္ကန် ရီလောင်းပွဲအား ယနေ့ဧပြီ ၁၃ ရက်(သြင်္ကန် အကြိုနေ့)မှ စတင်ကာ ဧပြီ ၁၆ ရက်(သြင်္ကန် အတက်နေ့)အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင် သြင်္ကန်၏ ထူးခြားမှုမှာ ဘုရားအား ရေမသပ္ပာယ်ဘဲ ရေမကစား ရကြောင်း ၊ ဘုရားအား နံ့သာရေဖြင့် ပူဇော် သပ္ပာယ် ပြီးမှသာ ရေကစားကြကြောင်း သိရသည်။၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ရခိုင် တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင် စာပေ နှင့် ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်) နှင့် မြို့နယ် အသင်းများ ၊ ရခိုင် လူမှုရေး အသင်း အဖွဲ့များမှ စီစဉ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)