Videos
ရထားပြုပြင်ထိမ်းသိမ်းရေးစင်တာ
ကျဲ့ကျုံး၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဟိုင်နန်ပြည်နယ် ကျဲ့ကျုံးရှိ ရထားပြုပြင်ထိန်းသိမ်းရေးစင်တာတွင် နေ့စဉ်ရထားများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်လေ့ရှိသည်။ နွေရာသီတွင် ခရီးသွားသူပိုမိုများပြားသောကြောင့် ရထားအစင်းရေအများဆုံး ပြုပြင်ထိန်းသိမ်းရသည်။ ရထားပြုပြင်ထိန်းသိမ်းရေးစင်တာဝန်ထမ်းများမှာ ရထားများကိုသန့်ရှင်းရေးတင်မက ရထားများ၏ အင်ဂျင်ပိုင်းဆိုင်ရာ၊ စက်ပိုင်းဆိုင်ရာများကို စစ်ဆေးရသည့် အပြင် လဲလှယ်ရန်လိုအပ်သည့်အစိတ်အပိုင်းများကို လဲလှယ်ခြင်း၊ ပြုပြင်ခြင်းတို့ကို ပုံမှန်ဆောင်ရွက်ပေးရသည်။ ရထားများကို အန္တရာယ်ကင်းစွာအသုံးပြုနိုင်ရန်ထိုသို့ပုံမှန်စစ်ဆေးကာ ပြုပြင်ထိန်းသိမ်းရခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)