Videos
ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ပါရီ သဘောတူညီမှုကို တရုတ်နိုင်ငံက လက်မှတ်ရေးထိုး
ကုလသမဂ္ဂ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးနိုင်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်း ပါဝင်လာစေရန် တွန်းအားပေးမှု တစ်ရပ်အနေဖြင့် တရုတ်နိုင်ငံသည် ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ပါရီ သဘောတူညီမှု စာချုပ်ကို ဧပြီလ ၂၂ ရက်က လက်မှတ် ရေးထိုး လိုက်သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ် အဖြစ် တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောင်လီ (Zhang Gaoli) သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့တက်ရောက်ကာ ပဲရစ် သဘော တူညီမှုစာချုပ် လက်မှတ် ရေးထိုးရခြင်းနှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောကြားခဲ့သည်။
ညီလာခံ ဖွင့်ပွဲနေ့တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၅ နိုင်ငံမှ သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ကြပြီး ကုလသမဂ္ဂ၏ နှစ်ပေါင်း ၇ဝ ကြာသမိုင်းကြောင်း တစ်လျှောက်တွင် အဖွဲ့ဝင် နိုင်ငံ အများဆုံး ပါဝင် လက်မှတ်ရေးထိုးသည့် စာချုပ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါ လက်မှတ် ရေးထိုးခြင်း အစီအစဉ်သည် ၂ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး တရုတ်နိုင်ငံက အမှတ်စဉ် ၂၁ တွင် လက်မှတ် ရေးထိုးခဲ့သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အခမ်းနားသို့တက်ရောက်လာကြသော ကမ္ဘာ့ ခေါင်းဆောင်များ နှင့် အစိုးရ ကိုယ်စားလှယ်များအား “ဒီနေ့လူကြီးမင်းတို့ရေးထိုးလိုက်တဲ့ လက်မှတ်ဟာ ကမ္ဘာကြီးရဲ့ အနာဂတ် အတွက်ပါပဲ ” ဟု ချီးကျူးစကား ဆိုခဲ့သည်။
ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ပါရီ သဘောတူညီမှု စာချုပ်၏ အရေးပါမှုကို မီးမောင်းထိုးပြရန် ရည်ရွယ်ပြီး အခမ်းအနားကို ကမ္ဘာမြေနေ့ဖြစ်သော ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပ ခြင်းခဲ့ခြင်း ဖြစ်သည်။ ( Xinhua )