Videos
ရုရှားနိုင်ငံ၏ ဗစ်စတော့ခနီ အာကာသစခန်းမှ ပထမဆုံး ဒုံးကျည်အောင်မြင်စွာလွှင့်တင်နိုင်
ဗစ်စတော့ခနီ၊ ဧပြီ ၂၉ (ဆင်ဟွာ)
ရုရှားနိုင်ငံမှ Soyuz-2.1a ဒုံးကျည်ကို နိုင်ငံ အရှေ့ပိုင်းရှိ ဗစ်စတော့ခနီ အာကာသစခန်းမှ ဧပြီလ ၂၈ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။ ထိုသို့လွှတ်တင်နိုင်မှုသည် မူလလွှင့်တင်ရန် စီစဉ်ထားသည့် အချိန်ထက် ၂၄ နာရီ နှောင့်နှေးပြီးနောက်အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဒုံးကျည်သည် ဂြိုဟ်တု ၃ လုံးအား သယ်ဆောင်ပြီး ကမ္ဘာပတ်လမ်းသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။
ရုရှား သမ္မတ ဗလာဒီမာပူတင် ရုရှားအာကာသ အေဂျင်စီ နှင့် Vostochny အာကာသယာဉ် လွှတ်တင်ရေး စခန်း တည်ဆောက်သူများ အား ပထမဆုံး အာကာသ ဒုံးပျံယာဉ် လွှတ်တင်မှုနှင့် ပတ်သက်၍ ချီးကျူးဂုဏ်ပြု စကား ပြောကြားခဲ့သည်။ (Xinhua)