Videos
ရေတံခွန် အထက်တွင် တည်ရှိသော နှစ်ပေါင်း၂,၀၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းမြို့လေး
ဟူနန်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် Furong ဟု အမည်ရှိသည့် ရှေးဟောင်းမြို့လေးတစ်မြို့သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂,၀၀၀ ကျော် ရှိပြီဖြစ်သည်။ ၎င်းမြို့လေး၏ အဓိက ထူးခြားချက်မှာ ရေတံခွန် ၂ ဆင့်၏ အပေါ် တောင်စောင်းပေါ်တွင် တည်ရှိနေခြင်းဖြစ်သည်။ သဘာဝတရားမှ ဖန်ဆင်းထားသည့် အလှအပများဖြင့် ပနံရ လှပလျက်ရှိသော ယင်း ရှေးဟောင်းမြို့လေး၏ အလှအပများကို ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)