Connect with us

Videos

ရေနစ်နေသည့် ကလေးငယ် ကို ကယ်ဆယ်ရာမှ အသက်စွန့်ခဲ့ရသည့် သူရဲကောင်းမြင်းနှစ်ကောင်

ဖူကျန့်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျင်းကျန်းမြို့ရှိ အများပြည်သူအပန်းဖြေရာ ပင်လယ်ကမ်းခြေတစ်ခုတွင် ဇူလိုင်လကုန်ပိုင်းက အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေဆင်းကစားရာမှ မျောပါ နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

ကလေးငယ်၏ အကူအညီ တောင်းသံကို မြင်းစီးနေရင်း ကြားမိသည့် Cai Liangxing ဆိုသူ က ပင်လယ်ပြင်ထဲသို့ အခြားမြင်းတစ်ကောင် နှင့်အတူ မြင်းစီးကယ်ဆယ်ခဲ့သည်။

Cai မှာ မြင်းစီးနည်းပြတစ်ဦးဖြစ်ပြီး ရေမကူးတတ်သောကြောင့် ရေနစ်နေသည့် ကလေးငယ်ထံအမြန်ဆုံး ရောက်ရှိကယ်ဆယ်ရန် နှင့် သယ်ဆောင်ရန် မြင်းစီးကာ သွားရောက်ခဲ့ခြင်းဖြစ်သည်။

Cai နှင့်အတူ ပင်လယ်သို့အခြားမြင်းတစ်ကောင်နှင့်လိုက်ပါလာသည့် ၎င်း၏လုပ်ဖော်ကိုင်ဖက်တို့က ကလေးငယ်အားမိနစ် ၂၀ အတွင်း ကယ်ဆယ်နိုင်ခဲ့သောကြောင့်အသက်ချမ်းသာရာရခဲ့သည်။ လူငယ်လေး၏ မိဘများကလည်း သားဖြစ်သူအား ကယ်ဆယ်ပေးခဲ့ သူများနှင့်မြင်းများအား နှစ်ကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံ ကျေးဇူးတင် ခဲ့သည်။ သို့ရာတွင် ထိုသို့ကယ်ဆယ်ပြီးနောက် ရက်များစွာအကြာတွင် ကယ်ဆယ်ပေးခဲ့သည့်မြင်းနှစ်ကောင်မှာ ရုတ်တရက် နာမကျန်းဖြစ်ပွားခဲ့ကြသည်။

ထိုသို့ဖျားနာခြင်းအကြောင်းရင်းမှာ အဆုတ်အတွင်းပိုးဝင်ခြင်းနှင့် ခြေထောက်များတွင် ဘက်တီးရီးယားများကူးစက်ခံရခြင်းကြောင့်ဟု တိရစ္ဆာန်ဆေးကုဆရာဝန်များကဆိုသည်။ ထို့နောက်နှစ်ပတ်အကြာတွင် မြင်းနှစ်ကောင်၏ ကျန်းမာရေးအခြေအနေမှာဆိုးဝါးလာခဲ့သည်။ ကုသမှုများလုပ်ဆောင်နေသည့်ကြားမှ အဆိုပါမြင်းနှစ်ကောင်မှာ ဩဂုတ် ၁၃ ရက်တွင်ဆုံးပါးခဲ့သည်။

မြင်းများဆုံးပါးသွားသောကြောင့် ပူဆွေးဝမ်းနည်းနေသော်လည်း ထိုသို့ ကလေးငယ်အား ကယ်ဆယ်ခဲ့ရသည့်အတွက်နောင်တမရကြောင်း Cai ကဆိုသည်။ ယခုရုပ်သံဖိုင်မှာ  ရေနစ်နေသည့် ကလေးငယ်ကို ကယ်ဆယ်ရာမှ အသက်စွန့်ခဲ့ရသည့် သူရဲကောင်းမြင်းနှစ်ကောင် အကြောင်းကိုရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.