Videos
ရေပေါ်တွင်ပါသွားလာနိုင်သည့် ကမ္ဘာ့အကြီးဆုံး လေယာဉ် စမ်းသပ်မောင်းနှင်
ကျူးဟိုင်၊ မေ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ၏ ပထမဆုံး ရေပေါ်နှင့် လေပေါ်ပျံနိုင်သည့် လေယာဉ် AG600 အား ဧပြီလ ၂၉ ရက်နေ့တွင် ဝေဟင်တွင် စမ်းသပ်မောင်းနှင်ခဲ့သည်။ ၎င်းကို ကမ္ဘာ့ အကြီးဆုံးလေယာဉ်ကြီးတစ်စီးအဖြစ် ဒီဇိုင်းထုတ်လုပ်ဖန်တီးထားခြင်းလည်းဖြစ်သည်။ အလျား ၃၇ မီတာ ရှိပြီး တောင်ပံများအပါ အကျယ်အဝန်းမှာ ၃၈.၈ မီတာကျယ်သည်။ ရေ ၁၂ တန်ကို စက္ကန့်၂ဝ အတွင်း သယ်ယူပို့ဆောင်နိုင်သည်။ လောင်စာဆီကန်၁ ကန်အတွက်ရေတန်ချိန်ပေါင်း ၃၇ဝ တန်ကို သယ်ဆောင်ပေးနိုင်သည်။အထူးသဖြင့် ပင်လယ်ရေကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ၊ တောမီး ငြှိမ်းသတ်ခြင်း၊ ရေပြင်စောင့်ကြည့်လေ့လာရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ၎င်းသည် မေလနှောင်းပိုင်းခန့်တွင် စတင်ပျံသန်းမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် နှစ်လည်ပိုင်းတွင် ရေပေါ်တွင် ပျံသန်းသွားလာနိုင်မည်ဖြစ်သည်။ ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် တည်ဆောက်ရေးလုပ်ငန်းပြီးစီးပြီး အသေးစိတ်စမ်းသပ်စစ်ဆေးမှုပေါင်းများစွာကို ဆောင်ရွက်ပြီးစီးခဲ့သည်။ အလေးချိန်တန်ချိန်ပေါင်း အများဆုံး ၅၃.၅ တန်ကို တင်ဆောင်ကာ ထွက်ခွာနိုင်သည်။ လေယာဉ်တွင်အသုံးပြုသည့်အစိတ်အပိုင်း အားလုံး၏ ၉ဝ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံတွင်ထုတ်လုပ်ခြင်းဖြစ်သည်။ အဆိုပါ လေယာဉ် ၁၇ စင်းတိတိ အမှာစာများကိုလည်း ရရှိထားပြီးဖြစ်သည်။(Xinhua)