Videos
ရေဘေးသင့်ဒေသများတွင် ပျက်စီးခဲ့သည့် ဓါတ်အားလိုင်းများကို ဟယ်လီကော်ပတာဖြင့် စစ်ဆေးကြည့်ရှု
ဟူနန်၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းဟူနန်ပြည်နယ်တွင် ရေလွှမ်းမိုးမှုပြင်းထန်စွာကြုံခဲ့ပြီးနောက် ပျက်စီးခဲ့သည့် ဗို့အားမြင့် ၃၈၂ ကီလိုမီတာရှည်သော မဟာ ဓါတ်အားလိုင်းများ၏အခြေအနေများကို ဟယ်လီကော်ပတာဖြင့်စစ်ဆေး ကြည့်ရှုခဲ့သည်။ ဟူနန်ပြည်နယ်သည် ဇွန်လပိုင်းက ဆိုးဝါးစွာရေလွှမ်းမိုးမှုကြုံခဲ့ပြီးနောက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဟယ်လီကော်ပတာဖြင့်စစ်ဆေးခြင်းသည် အချိန်ကုန်သက်သာစေပြီး အန္တရာယ်ကင်းကာ ထိရောက်မှုရှိသည်။ မြေပြင်မှ စစ်ဆေးကြည့်ရှုချိန်တွင် မမြင်နိုင်သည့် နေရာများ၌ပျက်စီးနေမှုများအားလည်းမြင်တွေ့နိုင်သည်။ ဟယ်လီကော်ပတာဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးသောကြောင့် ပျက်စီးနေသည့်ဓါတ်အားလိုင်းများကိုအမြန်ဆုံးပြန်လည်ပြုပြင်နိုင်မည်ဖြစ်သည်။(Xinhua)