Videos
ရေဘေးသင့် ဒေသများ အတွက် တရုတ် နိုင်ငံ ကြက်ခြေနီ အသင်းမှ အမေရိကန် ဒေါ်လာ တစ်သိန်းလှူဒါန်း
ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)
ရေဘေးသင့် ဒေသများရှိ အများပြည်သူ အတွက် လူမှု ဂရုဏာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ တစ်သိန်းကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က သြဂုတ် ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း(ရန်ကုန် ရုံးခွဲ) သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခု လှူဒါန်းငွေများက ရေဘေးသင့် ဒေသများတွင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် အထောက်အကူ ပြု ပြီး လိုအပ်မည် ဆိုပါက ထပ်မံ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက ယခုကဲ့သို့ အလှူငွေများမှာ ထိခိုက် ခံစားရသော ပြည်သူများ၏ လိုအပ်ချက်ကို ပိုမို ဖြည့်ဆည်းနိုင်မှာ ဖြစ်သောကြောင့် အလွန် ဝမ်းသာ ကျေးဇူးတင် ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
ထိုနောက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က တရုတ် နိုင်ငံ ကြက်ခြေနီအသင်း ကိုယ်စား လှူဒါန်းငွေ အမေရိကန် ဒေါ်လာ တစ်သိန်း ကို မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသူ ထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီး တရုတ် နိုင်ငံ သံအမတ်ကြီး ထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာ ကို ပြန်လည် ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် ဖြစ်ပွားခဲ့သော ရေဘေး ၊ ငလျင်ဘေး စသည် တို့ကြောင့် ထိခိုက် ခံစားရသူ ပြည်သူများ အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ဆောင်ရွက်ခဲ့သော လူမှု ဂရုဏာ အကူအညီများ အတွက် အလှူငွေများ လှူဒါန်းလေ့ ရှိပြီး ယခု လှူဒါန်းမှုသည် စတုတ္ထ အကြိမ် ဖြစ်ကြောင်း သိရသည်။(Xinhua)