Connect with us

Videos

ရောင်းသူမဲ့အရုပ်ဆိုင်

ရှန်ဟိုင်း၊ ဇူလိုင် ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ရောင်းသူမဲ့အရုပ်ဆိုင် take and go ကို ဖွင့်လှစ်ထားကြောင်းသိရသည်။ အဆိုပါ အရုပ်ဆိုင်သည် ၂၄ နာရီဖွင့်လှစ်ထားခြင်းဖြစ်ပြီး ၎င်းတွင် အရုပ်ဝယ်ယူလိုသူက ဆိုင်ရှေ့တွင် ပြင်ဆင်ထားသည့် လက်ဗွေ စနစ်ထဲသို့လက်ဝါးကို scan ဖတ်ကာ မိမိဖုန်းတွင်ပါသည့် mobile payment application မှ တစ်ဆင့် scan ဖတ်ပြီး စိတ်ကြိုက်အရုပ်ကို ဝယ်ယူနိုင်မည်ဖြစ်သည်။ အရုပ်အတွက် ကျသင့်ငွေကို ဝယ်သူ၏ e wallet မှတစ်ဆင့် နှုတ်ယူသွားမည်ဖြစ်သည်။ ရောင်းသူနှင့်တိုက်ရိုက်ပြောဆို နေစရာမလိုသောကြောင့် ထို ရောင်းသူမဲ့ဆိုင်မျိုးကို နှစ်သက်ကြသူများရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.