Videos
ရှင်းကျန်းဒေသတွင် သန့်စင်သော လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီပေါင်း၂၆၀ ဘီလီယံ အထိထုတ်လုပ်နိုင်ပြီ
ရှင်းကျန်း ၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၀ ခုနှစ် ကတည်းက စတင်ကာ သန့်စင်သည့် လျှပ်စစ်ဓာတ်အား ၂၆၀ ဘီလီယံ ကီလိုဝပ်နာရီအထိ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ လေနှင့်နေရောင်ခြည်စွမ်းအင်ကဲ့သို့သောအစိမ်းရောင်စွမ်းအင်အရင်းအမြစ်များမှတစ်ဆင့် ထုတ်ယူရရှိသော လျှပ်စစ်ဓာတ်အားများအနက် ကီလိုဝပ်နာရီပေါင်း ၁၈၀ ဘီလီယံ ကိုဒေသတွင်းသုံးစွဲပြီး ကျန် ကီလိုဝပ်နာရီပေါင်း ၈၀ ဘီလီယံ ကို ဒေသ ပြင်ပသို့ ပို့လွှတ်ခဲ့ကြောင်း သိရသည်။
သန့်စင်သောလျှပ်စစ်ဓာတ်အားအသုံးပြုမှုကြောင့် ကျောက်မီးသွေးအသုံးပြုမှုတန်ချိန် ၈၃.၂ သန်းကို လျှော့ချနိုင်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု တန်ချိန် ၂၂၅ သန်းနှင့်ဆာလ်ဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန် ၇၀၀,၀၀၀ အထိ လျှော့ချ ခဲ့ကြောင်း State Grid Xinjiang Electric Power Co., Ltd မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
လက်ရှိအချိန်အထိ ရှင်းကျန်းဒေသ ၏ အစိမ်းရောင်စွမ်းအင် ထုတ်လုပ်မှုပမာဏသည် ကီလိုဝပ်နာရီပေါင်း သန်း၃၀ကျော်ရှိပြီး သန့်စင်သောလျှပ်စစ်ဓာတ်အားများကို မြူနီစီပါယ်ဒေသများ၊ပြည်နယ်နှင့် ဒေသကြီး စုစုပေါင်း ၁၉ ခု သို့ ဓါတ်အားပေးလိုင်းကြီး ၄ ခုဖြင့် ပို့လွှတ်ပေးနိုင်ခဲ့သည်။ (Xinhua)