Videos
ရှင်းကျန်း နှင့် တရုတ် နိုင်ငံ ဒေသများအား ချိတ်ဆက်ပေးသည့် တတိယ မြောက် ရထားလမ်း တည်ဆောက်မှု နောက်ဆုံး အဆင့် သို့ ရောက်ရှိလာ
ရှင်းကျန်း ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ ရှင်းကျန်းဒေသ နှင့် အခြားဒေသများအား ချိတ်ဆက်ပေးသည့် တတိယမြောက်ရထားလမ်း ဖြစ်သော Golmud နှင့် Korla ရထားလမ်း ရှိ ဘူတာရုံများ တည်ဆောက်မှု က နောက်ဆုံး အဆင့် သို့ ရောက်ရှိလာ ခဲ့ပြီး ယူလိ စီရင်စု ၏ အဓိက ရထားဘူတာရုံ အဆောက်အဦး မှာလည်း တည်ဆောက်ပြီးစီး ခဲ့ပြီး ဖြစ်သည်။
လက်ရှိချိန် တွင် အလုပ်သမားများ အနေဖြင့် ဘူတာရုံ အပြင်ပိုင်းအတွက် အလှဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေကြပြီး ရထားလမ်း က ဝါဂွမ်း အဓိက ထုတ်လုပ်ရာ ဒေသ ဖြစ်သော ယူလိ စီရင်စု မှ ချည်ထည် ပစ္စည်းများ လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်ရန် အထောက်အပံ့ဖြစ်စေခဲ့သည်။ Golmud – Korla ရထားလမ်း အား ယခုနှစ် အတွင်း တည်ဆောက်ပြီးစီးကာ စတင် လည်ပတ်အသုံးပြုနိုင်ရန် စီစဉ်ထားသည်။ (Xinhua)