Videos
ရှန်ဟိုင်းမိုးမျှော်တိုက်အပြင်ဘက်က ကောင်းကင်ဘဲလေးကကွက်
ရှန်ဟိုင်း၊ အောက်တိုဘာ (၂၃)ရက် (ဆင်ဟွာ)
အမေရိကန်အက အဖွဲ့မှ အကသမားများသည် ရှန်ဟိုင်းမြို့လည် ရှိ မိုးမျှော်တိုက်အပြင်ဘက် ၌ ကောင်းကင်ဘဲလေး ကကွက် အား ကပြခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့မှ နိုဝင်ဘာ ၁၆ ရက်နေ့အထိ ၁ လ တိုင်တိုင်ကျင်းပသည့် ၁၇ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အနုပညာပွဲတော်တွင် ကပြ ဖျော်ဖြေမည့် ကကွက်များထဲမှ တစ်ခုအပါအဝင်လည်းဖြစ်သည်။ ကောင်းကင်ဘဲလေးအက အား ယခုကဲ့သို့ ပရိသတ်များနှင့် မိတ်ဆက်ကပြခွင့်ရသည့်အတွက် အလွန်ပင်ဝမ်းမြောက်မိပါကြောင်း၊ ၎င်းအကများသည် ပြဇာတ်ရုံများ၊ အကခန်းမများ၌ ကပြရန်မလွယ်ကူဘဲ လမ်းမများနှင့် အဆောက်အဦးအပြင်ဘက်များ၌ သာ ကပြနိုင်ကြောင်း အက အဖွဲ့ခေါင်းဆောင်ကဆိုသည်။ အက သမားများသည် ထိုသို့မကပြမီ လုံခြုံစိတ်ချရမှုရှိမရှိအား နှစ်ခါပြန်၍ စစ်ဆေးကြရသည်။ ၎င်းတို့ကပြရသော အဆောက်အဦး၏ မျက်နှာပြင်အား အသေအချာမွမ်းမံထားမှ ချော်ကျခြင်း စသည့် မတော်တဆမှုများအား ကာကွယ် နိုင်မည်ဖြစ်သည်။ (Xinhua)