Connect with us

Videos

ရှန်ဟိုင်း ဒစ္စနေအပန်းဖြေစခန်း အား ဇွန်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်မည်

ရှန်ဟိုင်း၊ ဇန်နဝါရီလ ၁၃ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း ဒစ္စနေအပန်းဖြေစခန်း (Disney Resort) အား ဇွန်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ပထမဆုံး လာရောက် လည်ပတ်ကြရန် ဖိတ်ခေါ်ပါကြောင်း Walt Disney Company နှင့် Shanghai Shendi Group က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကြေညာခဲ့သည်။

အဆိုပါ အပန်းဖြေစခန်း က ပထမဆုံးလာရောက်မည့် ခရီးသည် အုပ်စု အတွက် ကြီးကျယ် ခမ်းနားသည့် ကြိုဆိုပွဲအခမ်းအနား တစ်ခုကို ရက် အတန်ကြာ ကျင်းပမည့် ဖွင့်ပွဲ အခမ်းအနား၏ အစိတ်အပိုင်း တစ်ခု အနေ အဖြစ် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှန်ဟိုင်း ဒစ္စနေအပန်းဖြေစခန်း သည် ကမ္ဘာ့ပေါ်တွင် ခြောက်ခုမြောက် ဒစ္စနေအပန်းဖြေစခန်း ဖြစ်ပြီး တရုတ်ယွမ် ၃၄ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၅ဘီလီယံ) ရင်းနှီးမြှုပ်နှံထားကာ ၂၀၁၁ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

န်ဟိုင်း ဒစ္စနေအပန်းဖြေစခန်း တွင် အခြား ဒစ္စနေအပန်းဖြေစခန်း နှင့် မတူသည့် စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုများ ပါရှိမည်ဖြစ်ပြီး အများစု သည် Marvel ရုပ်ပြ နှင့် Star Wars ရုပ်ရှင် မှ ဇာတ်ကောင် များကို အခြေခံထားကာ တရုတ်ရိုးရာ ယဉ်ကျေးမှုများကိုလည်း ထည့်သွင်းပြသထားမည်ဖြစ်ကြောင်း ယခင် အစီအစဉ် များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.