Connect with us

Videos

ရှန်ဟိုင်း ဒစ်စနေးအပန်းဖြေဥယျာဉ် အတွင်းပိုင်း စမ်းသပ်ဖွင့်လှစ်ခဲ့

ရှန်ဟိုင်း ၊ မေ ၈ ရက် (ဆင်ဟွာ)

ဒစ်စနေးကုမ္ပဏီ၏ တရုတ်နိုင်ငံ တွင် ပထမဆုံး ဆောက်လုပ်သော ရှန်ဟိုင်း ဒစ်စနေးဥယျာဉ် ကို ဇွန်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ရန် အစီအစဉ်ဆွဲထားခဲ့ပြီး မေလ ၇ ရက်နေ့တွင် လိုအပ်သည်များကို ကြိုတင် ပြင်ဆင်နိုင်ရန်အတွက် အစမ်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဥယျာဉ် ဝန်ထမ်းအချို့နှင့် ၎င်းတို့၏ ဆွေမျိုးများ ကို သာ စမ်းသပ်ကာလအတွင်းလာရောက် လည်ပတ်ခွင့်ပြုခဲ့သည်ဟုဆိုသည်။

ဥယျာဉ်အတွင်းပိုင်း စမ်းသပ်ခြင်းပထမအဆင့်ပြီးဆုံးပါက မေလကုန်ပိုင်းတွင် အခြားစမ်းသပ်မှုများကို ဆက်လက်ဆောင်ရွက်ရန်ရှိဟု ဒစ်စနေးဥယျာဉ်မှ တာဝန်ခံများကဆိုသည်။

ဒစ်စနေးအပန်းဖြေဥယျာဉ်သို့ လာရောက်လည်ပတ်မည့်သူများအတွက် လက်မှတ်များကို မတ်လ ၂၈ ရက်ကတည်းက ရောင်းချခဲ့ပြီးဖြစ်သည်။

ရှန်ဟိုင်းဒစ်စနေးအပန်းဖြေဥယျာဉ်သည် ဒစ်စနေးကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်း ၆ ခုမြောက်သော အပန်းဖြေဥယျာဉ် တစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂ဝ၁၁ ခုနှစ်ကတည်းက စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.