Videos
ရှေးအကျဆုံး ပန်း ကျောက်ဖြစ်ရုပ်ကြွင်းကို အာဂျင်တီးနားပြတိုက် တွင်ပြသထား
ပက်တာဂိုနီးယား၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
ဘူမိဗေဒနှင့် ကျောက်ဖြစ်ရုပ်ကြွင်းသိပ္ပံပြတိုက်တွင် ရုပ်ကြွင်းပေါင်းး ၁သောင်းကျော်၊ တွင်းထွက်နမူနာပေါင်း ၃ထောင်ကျော်နှင့် နှစ်သန်းရာပေါင်းများစွာအလွန်က ရုပ်ကြွင်းပေါင်း ၁ဝဝ ကျော်တို့ကို ပြသထား ကြောင်း သိရသည်။
၎င်းရုပ်ကြွင်းများကို အာဂျင်တီးနားနိုင်ငံတောင်ပိုင်း ပက်တာဂိုနီးယားဒေသတွင် တူးဖော်တွေ့ရှိ ခဲ့ပြီး ၎င်းတို့ထဲ တွင် ပန်းပွင့်ရုပ်ကြွင်းကိုလည်း လွန်ခဲ့သည့်နှစ်ပေါင်းအနည်းငယ်က ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်သန်းပေါင်း ၄၇.၈ သန်းခန့် က ရှေးခေတ် အစောဆုံး ပန်းပွင့် ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နိုင်ကြောင်း၊ ဒိုင်နိုဆောဥများ နှင့် ငါးမန်းသွားများသည်လည်း နှစ်သန်းပေါင်း ၅ဝဝ နီးပါးခန့်ရှိမည်ဟုခန့်မှန်းရသည်။ (Xihua)