Connect with us

Videos

လမ်းပြောင်းပြန်စနစ်ဖန်တီးကာ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချ

ရှန်းကျန်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်းရှန်ကျန်းတွင် ရုံးတက်ရုံးဆင်းချိန်များအတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချနိုင်ဖို့အတွက် ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက ယာဉ်လမ်းကြောင်း ၂ ခုတွင် အလွယ်တကူသိမ်းနိုင်ခင်းနိုင်သောဘလောက်တုံးများဖြင့် လမ်းပြောင်းပြန် ယာဉ်ကြော ၂ ခုကို လိုအပ်သလို အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

တစ်ဘက်ယာဉ်ကြောမှ မီးပွိုင့်ပိတ်မိနေချိန်အတွင်း အဆိုပါ လမ်းပြောင်းပြန်များကို အသုံးပြုနိုင်မည်ဖြစ်ပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူများ က လမ်းများကို အလိုက်သင့်၂ လမ်းခွဲထွက်နိုင်အောင် စီစဉ်ထားသည်။ ယာဉ်ကြောအခြေအနေအရ လမ်းပြောင်းပြန်ခင်းရန်လိုအပ်ပါက zipper van က ဘလောက်တုံးများကို လိုက်လံချပေးသည်။ အဆိုပါ zipper van က ဘလောက်တုံးများကိုအလုံအလောက် သယ်ဆောင်လာပြီး လမ်းပြောင်းပြန်မောင်းနှင်နိုင်မည့် ယာဉ်တစ်စီးစာအကျယ်အဝန်းကို ဖန်တီးပေးခြင်း ဖြစ်သည်။ တစ်နာရီလျင် ၅ ကီလိုမီတာမှ ၁ဝ ကီလိုမီတာနှုန်းဖြင့် Van ကားမှ ဘလောက်တုံးများကို လမ်းပေါ်တွင် ချပေးသည်။၄ ကီလိုမီတာ အရှည်ရှိသည့် လမ်းပြောင်းပြန် ယာဉ်ကြော၂ ခုကို ဖန်တီးရန်အတွက် အချိန်မိနစ် ၂ဝ ခန့်ယူရသည်။ ထို့အပြင် မီးပွိုင့်အနီးတွင် လမ်းပြောင်းပြန်မောင်းနှင်နိုင်မည်ဆိုသည့် အချက်ပြ စနစ်ကိုပါထည့်သွင်းတပ်ဆင်ထားသည်။ ထိုစနစ်ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် ရက်သတ္တ ၅ ပါတ် တိတိ စမ်းသပ်အသုံးပြုခဲ့ပြီးလည်းဖြစ်သည်။ အဆိုပါစနစ်ကို ဆန်ဖရန်စစ္စကို ရှိ Golden Gate တံတားတွင် အသုံးပြုနှင့်ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.