Videos
လူသားမျိုးနွယ်အတွက် မျှဝေရေးနှင့်နှစ်ဦးနှစ်ဘက်အကျိုးရှိစေမည့်တိုးတက်မှုအတွက် သမ္မတရှှီတိုက်တွန်း
ဂျနီဗာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
လူသားမျိုးနွယ်အတွက် မျှဝေပြီး အနာဂတ်ရှိသော အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေး၊ နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် ဖွံ့ဖြိုးမှု၊ အောင်မြင်စွာ မျှဝေနိုင်မှုတို့ ဆောင်ရွက်ရေးအား စိန်ခေါ်မှုများနှင့် စွန့်စားမှုများကြားမှ ပြုလုပ်သွားရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီလ ၁၈ ရက်၌ တိုက်တွန်း ပြောကြားလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံး (UNOG) ၌ တရုတ် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သူ သမ္မတ ရှီက ရေရှည်တည်တံ့မည့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ လူသား အားလုံးအတွက် ဘုံ လုံခြုရေးနှင့် ဘုံ ကြွယ်ဝ ချမ်းသာရေး၊ ပွင့်လင်းမှု၊ သန့်ရှင်းပြီး လှပသော ကမ္ဘာကြီး ဖြစ်ပေါ်ရေး စသည့် အကြောင်းအရာများအား ထည့်သွင်း ပြောကြားခဲ့သည်။