Connect with us

Videos

တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် သည် ဇန်နဝါရီ ၁၇ ရက်နံနက် ပိုင်း တွင် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း ၊ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင် တို့နှင့် နှစ်နိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ များကို တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း နှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံ တက္ကသိုလ်များ၏ ချိတ်ဆက်ဆောင်ရွက်မှုများ ၊ ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ၊ တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ တွင် ချစ်ကြည်ရေး စာသင်ကျောင်းများ တည်ဆောက်နေမှု အခြေအနေများ ၊ ရန်ကုန် တက္ကသိုလ်တွင် တရုတ် ယဉ်ကျေးမှု စင်တာ တိုးချဲ့တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် လိုအပ်ချက်များကို ကူညီဆောင်ရွက်သွားရန် စသည့် ကိစ္စရပ်များကို သဘောထား အမြင်များအားရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တရုတ် နိုင်ငံ သံအမတ်ကြီးသည်ရန်ကုန်တက္ကသိုလ်၌ မြန်မာ စာသင်ယူနေသည့် တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များနှင့် တွေ့ဆုံပွဲကို တက်ရောက် ခဲ့ပြီး ဆုံးမသြဝါဒ စကားများ ပြောကြား ခဲ့သည်။ မကြာမီ အချိန်တွင် ကျရောက်တော့မည့် တရုတ် ရိုးရာ နှစ်သစ်ကူး အတွက် ဆုမွန်တောင်း စကားလည်း ပြောကြား ခဲ့သည်။

ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင် နှင့် တွေဆုံစဉ်သံအမတ်ကြီး က ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပြီး တရုတ် နိုင်ငံ မှ လာရောက် ပညာသင်ယူသော ကျောင်းသား အများဆုံး ရှိသည့် တက္ကသိုလ် တစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ပိုမိုတိုးမြှင့်ရေး ၊ မြန်မာ နိုင်ငံ သားများ အနေဖြင့် တရုတ် နိုင်ငံ စီးပွားရေး ၊ လူမှုရေး နှင့် သမိုင်းကြောင်း များကို ပိုမို သိရှိနားလည်စေရေး ၊ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များအား ပိုမို အဆင်ပြေ ကောင်းမွန်သည့် စာသင်ကြားမှု ပတ်ဝန်းကျင် ရရှိအောင်ဆောင်ရွက်ရေး ၊ မြန်မာ နိုင်ငံ မှ လိုအပ်ချက်များကို ကူညီထောက်ပံ့ရေး စသည့် ကိစ္စရပ်များ တွင် သဘောထား အမြင်များ ပွင့်လင်းစွာ ဖလှယ်ခဲ့ကြသည်။ သံအမတ်ကြီး ဟုန်လျန် က ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှကျောင်းသား/သူ များကို သွားရောက်တွေ့ဆုံ ခဲ့ပြီး နေထိုင်ရာ အဆောင် များကို လည်းကြည့်ရှုလေ့လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.