Connect with us

Videos

လေပေါ်တွင်လမ်းလျှောက်သည့်အရသာအတိုင်းခံစားနိုင်ကြမည်

လျှူကျိုး၊ မေ ၁၆ ရက် (ဆင်ဟွာ)
လေပေါ်လမ်းလျှောက်သလိုခံစားရစေမည့် မိုးမျှော်တိုက်အပြင်ဘက် မှန်ချပ်များပေါ်တွင် လမ်းလျှောက် နိုင်ရန်အတွက် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လျှူကျိုးပြည်နယ်တွင် စီစဉ်ပေးထားသည်။ ၂၉၈ မီတာမြင့်သည့် မိုးမျှော်တိုက်ပေါ်တွင် စွန့်စားလိုသူများ က ၇၇ ထပ်ရှိသည့် ဟိုတယ် ဘေးဘက်ရှိ မှန်တံတားပေါ်တွင် ကြိုးဖြင့်သိုင်းကာ ဖြတ်သန်းခဲ့ကြသည်။ အကြမ်းခံနိုင်သည့် မှန်ချပ်ရေပေါင်း ၇၂ဝ ကို ဆက်ကာ တည်ဆောက်ထားသည့် မှန်လမ်းတွင် လာရောက်သူများက ကြိုးများဖြင့်ဆိုင်းကာ ပြေးလွှားခြင်း၊လမ်းလျှောက်ခြင်းများပြုလုပ်ကြသည်။ ကြိုးဖြင့်ဆွဲကာမှန်ချပ်အစွန်းတွင် တွဲလွဲခိုပြီး ပြုတ်ကျတော့မည့်သဏ္ဍာန်စတန့်ထွင်သည့်သူများလည်းရှိသည်။
တစ်မြို့လုံးအား အပေါ်စီးမှ ရှုမြင်နိုင်သည့် ကောင်းကင်လမ်းလျှောက်ခြင်းကို လာရောက်သူ များပြား လျက်ရှိသည်။ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ တွင်ဖွင့်လှစ်ခဲ့ပြီးနောက် ယနေ့အထိ ကမ္ဘာလှည့် ခရီးသည်ပေါင်း ၈ဝဝဝ ကျော်လာရောက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.