Connect with us

Videos

လျန်ချန်း-မဲခေါင် ဒေသပူးပေါင်း ဆောင်ရွက်မှု စနစ် အား လာမည့်လတွင် စတင်မည်

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

China Public Diplomacy Association မှ ဒုတိယ ဥက္ကဌ မစ္စတာ ကျန်းကျုံဟွမ် နှင့် မြန်မာ နိုင်ငံ သမ္မတ အကြံပေး ဦးကိုကိုလှိုင် တို့သည် အောက်တိုဘာလ (၁၈) ရက်နေ့တွင် ရန်ကုန် မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီးနောက် လျန်ချန်း-မဲခေါင် မြစ် ဒေသ တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက် မှု စနစ် အား နိုဝင်ဘာ လ တွင် စတင် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း နှင့် ယင်းစနစ် ၏ ရည်ရွယ်ချက် မှာ လျန်ချန်းမြစ် နှင့် မဲခေါင်မြစ် တစ်လျှောက်ရှိ နိုင်ငံ ၆ နိုင်ငံ အား တန်းတူညီမျှပြီး စည်းလုံးညီညွတ်စွာ အတူတကွ ဖွံ့ဖြိုးတိုးတက် စေမည့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တစ်ခု တည်ဆောက် သွားရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျန်းကျုံဟွမ် က လျန်ချန်း-မဲခေါင် မြစ် ဒေသ တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်မှု စနစ် သည် နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု တိုးမြင့်စေရန် နှင့် နားလည်မှု တိုးမြင့်စေရန် ဖြစ်ကြောင်း ၊ တည်ငြိမ်အေးချမ်းမှု ကို ထိန်းသိမ်း သွားခြင်းဖြင့် စီးပွားရေး ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချ နိုင်ရေး ၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု အား လျော့နည်းလာစေရေး ၊ ပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြင့် နိုင်စေရေးအတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ သမ္မတ အကြံပေး ဦးကိုကိုလှိုင် က လျန်ချန်း-မဲခေါင် မြစ် ဒေသ တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်မှု စနစ် သည် လျန်ချန်းမြစ် နှင့် မဲခေါင်မြစ် တစ်လျှောက်ရှိ နိုင်ငံ ပေါင်း ၆ နိုင်ငံ အား တန်းတူညီမျှ တိုးတက်ရန် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ထောက်ခံအားပေးကြောင်း ၊ ဤ စနစ် သည် နိုင်ငံ ၆ နိုင်ငံလုံး အတွက် အကျိုး ဖြစ်စေသည့် အတွက် အလွန်ကောင်းမွန် သည့် အလားအလာ ကောင်း များ ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ဤစနစ် အား ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။
လျန်ချန်းမြစ် နှင့် မဲခေါင်မြစ် သည် တရုတ် ၊ မြန်မာ ၊ လာအို ၊ ထိုင်း ၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံ အား ဖြတ်သန်း စီးဆင်း ကာ ကီလိုမီတာ ၄၈၈ဝ ရှည်လျားပြီး ရေပြင် ဧရိယာ မှာ စတုရန်း ကီလိုမီတာ ၈သိန်း ခန့်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.