Connect with us

Videos

လျှပ်စစ်ဓါတ်အား ၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် တရုတ် ပြည်တွင်းဖြစ် ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်း 

ဖူကျန့်၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် လျှပ်စစ် ဓါတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ပြည်တွင်းဖြစ်ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်းကြီး သည် ဇူလိုင် ၁၂ ရက်မှ စတင်ကာ လည်ပတ်လျက်ရှိပြီဖြစ်ကြောင်းသိရသည်။ တစ်စက္ကန့်လျင် ပျမ်းမျှ ၁၀ မီတာခန့် လည်ပတ်သည့် ၎င်းလေဒလက်ကြီးများမှ နှစ်စဉ် သန့်စင်သော စွမ်းအင် ကီလိုဝပ်နာရီပေါင်း သန်း၄၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။၎င်းမှ စွမ်းအင် နှစ်စဉ်ထုတ်လုပ်နိုင်မှု ပမာဏ သည် တစ်နှစ်အတွင်းအိမ်ထောင်စုပေါင်း ၂သောင်းအား လုံလောက်သည့် ပမာဏ ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။

 လေအားလျှပ်စစ်စီမံကိန်းကြောင့် ကျောက်မီးသွေသုံးစွဲမှု တန်ချိန်ပေါင်း ၁၃,၀၀၀ ကို လျှော့ချပေးနိုင်မည်ဖြစ်ကာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ပမာဏကို တန်ပေါင်း ၃၅,၀၀၀ အထိလျှော့ချပေးနိုင်မည်ဖြစ်သည်။ယင်းလေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံ၏ ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်မှုကဏ္ဍတွင် စံချိန်တင်နိုင်ခဲ့ပြီး မကြာမီတွင် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ရည်မှန်ထားကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.