Connect with us

Videos

သက်တမ်း နှစ်ပေါင်း ၃၂,၀၀၀ နီးပါးရှိ လူ့ဦးခေါင်းခွံရုပ်ကြွင်း ဟဲနန်တွင်တွေ့ရှိ

ကျန်းကျိုး၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၂,၀၀၀ ရှိပြီဖြစ်သည့် လူ့ဦးခေါင်းခွံရုပ်ကြွင်းတစ်ခုကို ဥမင်တစ်ခုအတွင်း တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသ ခံရှေးဟောင်းသုတေသနအရာရှိများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

တူးဖော်တွေ့ရှိခဲ့သည့် ဥမင်မှာ လုရှန်‌ကောင်တီGuanyinsi မြို့နယ်တွင်တည်ရှိသည်။ ယခင်က ထိုဒေသတွင် ကျောက်ခေတ် လူသားကျောက်ဖြစ်ရုပ်ကြွင်းများ၊ တိရစ္ဆာန်ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ကျောက်လက်နက်များကို လည်း တူးဖော်တွေ့ရှိဖူးသည်။

ရှေးဟောင်းသုတေသနပညာရှင် Zhao Qingpo က ” ဒီတူးဖော်ရေးနေရာမှာ ဥမင်နှစ်ခုရှိပါတယ်၊ တစ်ခုကတော့ အရှည် ၉ မီတာနဲ့ အကျယ်၃ မီတာရှိပြီးအမြင့်ကတော့ ၃.၉ မီတာရှိပါတယ်၊ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာပေါင်း ၃၀ လောက်ရှိပါတယ်” ဟုဆိုသည်။ ၎င်းက ယခုတူးဖော်တွေ့ရှိသည့် ဥမင်မှာထိုဒေသ၌ ယခင်တူးဖော်တွေ့ရှိခဲ့သည့် ဥမင်များထက် ပိုမိုကြီးမားကြောင်းဆက်လက်ပြောကြားခဲ့သည်။

သွားနှင့်ဦးခေါင်းခွံရုပ်ကြွင်းများအပြင် ရှေးဟောင်းသုတေသီများသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀,၀၀၀ မှ ၄၀,၀၀၀ ခန့်ရှိသည့် မြင်းများ၊ ဆိတ်များ၊ ဝက်ဝံများ၊ သမင်များ ၊ တောဝက်များနှင့် ဝံပုလွေများ ၏ အရိုး အပိုင်းအစများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ကျောက်သားကိရိယာများတွင် ကျောက်သားဖြတ်စများနှင့်ကျောက်လက်နက်များကိုလည်း တူးဖော်တွေ့ရှိခဲ့ကြသည်။

ဥမင်အတွင်းတွေ့ရှိခဲ့သည့် လူသားဦးခေါင်းရုပ်ကြွင်းနှစ်ခုမှာ ယူရေနီယမ်သက်တမ်းစစ်ဆေးနည်းဖြင့် စစ်ဆေးရာတွင်သက်တမ်း နှစ် ၃၂,၀၀၀ နှင့် နှစ် ၁၂,၀၀၀ အသီးသီးရှိပြီဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
အဆိုပါရှေးဟောင်းပစ္စည်းသည် ပြည်နယ်အတွင်းတွင် အစောဆုံး လူသားတို့၏ရုပ်ကြွင်းများတူးဖော်တွေ့ရှိမှုဖြစ်သည်။

“ယခုတွေ့ရှိမှုများဟာ တရုတ်နိုင်ငံမှာ လူသားတို့ရဲ့ မူလအစနှင့် ခေတ်သစ်လူသားတို့ဖွံ့ဖြိုးလာမှုအဆင့်ဆင့်ကိုလေ့လာတဲ့နေရာမှာ သိပ်ပြီးတော့ အကျိုးကျေးဇူးများပါတယ်” ဟု ဟဲနန် ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်နှင့်ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာရေးတက္ကသိုလ်ဥက္ကဌဖြစ်သူ Liu Haiwang က ဆိုသည်။(Xinhua)

…………………..
(English Version)

Human skull fossil dating back 32,000 years discovered in China’s Henan

ZHENGZHOU, Sept. 28 (Xinhua) — A human skull fossil dating back 32,000 years was found in a cave site in central China’s Henan Province, local archaeological authorities said Monday.

The cave site is located in Guanyinsi Township, Lushan County. Earlier paleolithic archaeological research in the area has uncovered human fossils, animal fossils and stone tools.

“There are two caves in the site, with one standing 9 meters in length, 3 meters in width and 3.9 meters in height, covering an area of 30 square meters,” said Zhao Qingpo, an archaeologist, adding that the cave is much larger than previous caves discovered in the region.

Apart from teeth and skull fossils, archaeologists also found more than 10,000 bone fragments of horses, goats, bears, deer, boars and wolves, which are about 30,000 to 40,000 years old.

Stone implements including stone chips and scrapers were also unearthed from the site.

Anthropologists said that two human skull fossils found in the cave site were identified as being 32,000 and 12,000 years old respectively through the uranium-series dating method. The former artifact is the earliest known fossil of early modern humans in the province.

“The new findings are of great significance for the study of the origin and development of modern humans in China,” said Liu Haiwang, president of the Henan Provincial Institute of Cultural Heritage and Archaeology.  ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.