Videos
သစ်သီးဝလံများဖြင့် အထိမ်းအမှတ် အဆောက်အဦးပုံစံတူများဖန်တီး
ရှိုးကွမ်၊ မေ ၃ ရက် (ဆင်ဟွာ)
ကမ္ဘာပေါ်ရှိ နံမည်ကျော်ကြားသော အထိမ်းအမှတ်အဆောက်အဦးများဖြစ်သည့် တာ့ဂျ်မဟာအဆောက်အဦး၊ စဖင့်ချ်ရုပ်တု၊ ပိုတာလာ နန်းတော်နှင့် အခြားအဆောက်အဦးများကို ပရိသတ်တော်တော်များများ မြင်ဖူးကြပါလိမ့်မည်။ အဆိုပါအဆောက်အဦးပုံစံတူများကို သစ်သီးဝလံများဖြင့် ပုံဖော်ပြုလုပ်ထားကာ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှိုးကွမ်မြို့တွင်ပြသထားသည်။ အသီးအနှံများ အစေ့အဆန် အမျိုးအစားပေါင်း များစွာဖြင့် အဆောက်အဦး ပေါင်း ၂ဝဝ ကျော်ကို ဖန်တီးပြသထားခြင်းဖြစ်သည်။ ယခုပြသထားသော တာ့ဂျ်မဟာအဆောက်အအုံကို ဖရုံသီးများဖြင့်ပြုလုပ်ထားပြီး အီဂျစ်နိုင်ငံ၏ နံမည်ကျော်ကြားသော စဖင့်ချ်ရုပ်တု အား ပြောင်းဖူးစေ့များ ဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ ယခုမြင်တွေ့နေရသည်မှာ တိဘက်ရှိ နှစ်ပေါင်း ၃ရာနီးပါးသက်တမ်းရှိ နန်းတော် ပုံစံတူဖြစ်ပြီး ၎င်းတွင် အဖြူရောင်ပဲစေ့ အများဆုံး ထည့်သွင်းတည်ဆောက်ထားပြီး အခြားအရောင်စုံ အသီးအနှံများနှင့်ရောနှောပုံဖော်ထားသည်။ ပန်းပုရုပ်တုများမှာ အများအားဖြင့် တရုတ်ရိုးရာဇာတ်လမ်း များထဲက ဇာတ်ကောင်ပုံစံများ နမူနာအားဖြင့် အနောက်သို့ခရီးသွားခြင်း ဒဏ္ဍာရီဇာတ်လမ်းမှ ဇာတ်ကောင်များ၏ပုံစံကိုပြုလုပ်ထားသည်။ အသီးအနှံများနှင့် ပြောင်းဖူးများဖြင့် နံမည်ကျော် မျောက်မင်း စွန်းဝူခုန်း ရုပ်တုနှင့် ၎င်း၏ ဆရာသခင် တန်ဆရာတော်တို့၏ ရုပ်တုများကို ထုလုပ်ထားခြင်း ဖြစ်သည်။
တရုတ်အပြည်ပြည်ဆိုင်ရာ သိပ္ပံ နည်းပညာ ဟင်းသီးဟင်းရွက် ပြပွဲကို ဧပြီလ ၂ဝ ရက်နေ့ မှ မေလ ကုန်အထိ ပြသထားမည်ဖြစ်သည်။ အဆိုပါပွဲတော် သည် နှစ်စဉ် ဧည့်သည်ပေါင်းများစွာကိုဆွဲဆောင်နိုင်ခဲ့ပြီး ၂ဝ၅ဝ ပြည့်နှစ်တွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံခန့်ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)