Connect with us

Videos

သမ္မတရှီကျင့်ဖိန်၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့် ဆောင်ရွက်မှုများ

ပေကျင်း၊ဇူလိုင် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင်ကျင်းပခဲ့သည့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ ဘက်စုံအကျိုးစီးပွားဖြစ်ထွန်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ကို မြှင့်တင်နိုင်ခဲ့သည်။

သမ္မတရှီ၏ အိုဆာကာခရီးစဉ်မှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့်အတူ G20 အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့စီးပွားရေးကဏ္ဍ အတွက် မောင်းနှင်အား ဖြစ်စေခဲ့သည်။

၂ဝ၁၉ ခုနှစ် ဇွန်လ ၂၇ ရက်တွင် သမ္မတရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ အိုဆာကာ မြို့သို့ရောက်ရှိခဲ့သည်။

ဇွန် ၂၈ ရက်တွင် ရှီသည် G20 ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့သည်။ G20 ထိပ်သီးအစည်းအဝေးတက်ရောက်စဉ် သမ္မတရှီကျင့်ဖိန်သည် ကမ္ဘာ့စီးပွားရေး အဆင့်မြင့်မားတိုးတက်စေရန် G20 အဖွဲ့ဝင်နိုင်ငံများအားလုံးလက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

ရှီက ဖွံ့ဖြိုးတိုးတက်မှု ၏ တွန်းအားကို ရှာဖွေကြရန်၊ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတိုးတက်ကောင်းမွန်စေရန်၊ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အရာများကို ဖယ်ရှားကြရန်၊ မတူကွဲပြားမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရန် G20 အဖွဲ့ဝင်နိုင်ငံများအားလုံး ကို တိုက်တွန်းပြောကြားခဲ့သည်။

သမ္မတရှီသည် G20 ထိပ်သီးအစည်းအဝေးတက်ရောက်စဉ် တောင်ကိုရီးယားနိုင်ငံ သမ္မတမွန်ဂျေအင်း (Moon Jae-in)၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရှင်ဇို အာဘေး(Shinzo Abe)၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်( Antonio Guterres) ၊ တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ် ရာမာဖိုဆာ (Cyril Ramaphosa)၊ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို ( Joko Widodo)၊ ဂျာမန်နိုင်ငံဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်(Angela Merkel)၊ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၊ ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်( Emmanuel Macron) တို့နှင့် အိုဆာကာမြို့တွင် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

သမ္မတရှီကျင့်ဖိန်က တရုတ်-အာဖရိက ခေါင်းဆောင်များအစည်းအဝေးတွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ခေါင်းဆောင်များက တရုတ်- အာဖရိကနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု တွင် အဓိကကျသည့်အကြောင်းအရာများကိုကျယ်ပြန့်စွာဆွေးနွေးခဲ့ကြသည့်အပြင် အာဖရိကတိုက် ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍတွင် ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကို တရုတ်နိုင်ငံ ကအကူအညီပေးရန်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ ကို ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီမှုများရရှိခဲ့ကြသည်။

သမ္မတရှီကျင့်ဖိန်က အခြား BRICS အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များနှင့်လည်း အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ရာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ကို ကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ရန်ပြောကြားခဲ့သည်။

ထို့အပြင် သမ္မတရှီကျင့်ဖိန်သည် တရုတ်-ရုရှား-အိန္ဒိယ ခေါင်းဆောင်များအစည်းအဝေးကို တက်ရောက်ခဲ့ရာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ဆက်လက်ထိန်းသိမ်းကာ အကျိုးဖြစ်ထွန်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက် စေရန် သဘောတူညီခဲ့ကြသလို ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားရန် သုံးနိုင်ငံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။

သမ္မတရှီကျင့်ဖိန်၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်မှုများအပေါ် ပညာရှင်များ၏ သဘောထား မှတ်ချက်များကို ဆင်ဟွာသတင်းဋ္ဌာနမှလည်း သွားရောက်မေးမြန်းခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.