Videos
သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အကျဉ်းသား ၈၃ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၆၃ ဦး ပါဝင် လွတ်မြောက်
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား ၈၃ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၆၃ ဦးပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းမှ ထုတ်ပြန်သည်။
အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးပုဒ်မဖြင့်အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၁၂၄ဦးရှိရာ ယနေ့ ၆၃ ဦး လွတ်မြောက်လာသဖြင့် ၆၁ ဦး လွတ်မြောက်ရန် ကျန်ရှိနေကြောင်း ၊ ကျန်ရှိနေသော လွတ်မြောက် နိုင်ငံရေး အကျဉ်းသား စာရင်းများကိုလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ကြီးကြပ်ရေးမှူး ဦးချစ်ကိုလင်းက ပြောကြားသည်။
မြန်မာ့ နှစ်သစ်ကူး ကာလတွင် အမျိုးသား ရင်ကြားစေ့ရေး နှင့် ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းမှုအား ဦးတည်သောအားဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာသည်။(Xinhua)