Connect with us

Videos

သာသနာရေး နှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး နှင့် တိဘက် ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင်တို့တွေ့ဆုံ

ရန်ကုန် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို နှင့် တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ဦးစွာ ပြောကြားခဲ့ပြီးနောက် တရုတ် – မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေး ပြောကြား ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို နှင့် ဒုတိယ ဝန်ကြီး ဦးကြည်မင်းတို့အပါအဝင် အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှ ပါမောက္ခ ဆရာတော် ဘဒ္ဒန ္တနောဓိဉာဏ နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ် နှင့် နယ်စပ် တောင်တန်း ဒေသ သာသနာ့နုဂ္ဂဟ အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေတို့လည်း ပါဝင် ဆွေးနွေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.