Videos
သုညစွမ်းအင်ဖြင့်တည်ဆောက်ထားသောအဆောက်အဦ
ထျန်းကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် စွမ်းအင် လုံးဝ အသုံးမပြုဘဲ ဆောက်လုပ်ထားပြီး အကျယ်အဝန်းအားဖြင့် ၁၃၅ စတုရန်းမီတာရှိသည့် အဆောက်အဦတစ်ခုကို ဧပြီလတွင် အပြီးသတ်နိုင်ခဲ့သည်။ အဆောက်အဦ၏ အမိုးပေါ်တွင် ဆိုလာပြားစုစုပေါင်း ၆၀ ပြားကို တပ်ဆင်ထားပြီးထိုမှတစ်ဆင့်နေ့စဉ် လျှပ်စစ်ဓါတ်အားတစ်နာရီလျှင် ၆၀ ကီလိုဝပ် ထုတ်ယူနိုင်သည်။ ထို လျှပ်စစ်ကို အဆောက်အဦတွင်တပ်ဆင်ထားသည့် အိမ်သုံးစွမ်းအင်ထုတ်လွှတ်စက်မှတစ်ဆင့် ရေပူရေအေးစက်၊ အဝတ်လျှော်စက်နှင့်အခြားလျှပ်စစ်ဖြင့်အသုံးပြုရသည့်အသုံးအဆောင်များသို့ ဓာတ်အားပေးပို့သည်။ ၎င်းအဆောက်အဦကို စွမ်းအင်မဲ့နည်းစနစ်များပြသရန် အသုံးပြုမည်ဖြစ်ပြီး နောက်ပိုင်းတွင် အိမ်များနှင့်ရုံးများ၌လည်း ထိုစနစ်ကိုအသုံးပြုလာနိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)