Videos
ဟင်းသီးဟင်းရွက်များဖြင့် ဧရာမ ရုပ်တုကြီးတစ်ခုဖန်တီးကာ ဂင်းနစ်စံချိန်မှတ်တမ်းတင်
ချီရွှေ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချီရွှေမြို့တွင် ဟင်းသီးဟင်းရွက်များဖြင့် ဧရာမ triceratops မျိုးနွယ်ဝင် ဒိုင်နိုဆောရုပ်တုကြီးတစ်ခုဖန်တီးကာ ဂင်းနစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့သည်။ ၎င်းဒိုင်နိုဆောအရုပ်ကြီးမှာ အရှည်အားဖြင့် ၁၄.၃၂ မီတာ၊ အကျယ် ၃.၂၇ မီတာ နှင့် ၅.၄၁ မီတာ အမြင့်ရှိသည်။ ရုပ်တုတွင် ဟင်းသီးဟင်းရွက် ၁ဝ မျိုးဖြင့် ချိတ်ဆွဲပြုလုပ်ထားပြီးအလေးချိန်အားဖြင့် 4000ကီလိုဂရမ်ရှိသည်။ ဟင်းသီးဟင်းရွက်များဖြင့် ဖန်တီးထားသည့် ကမ္ဘာ့အကြီးဆုံးရုပ်တုကြီးအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)