Connect with us

Videos

အဆောက်အဦးပျက်ကြားထဲတွင်ပိတ်မိနေသောကလေးငယ်အား ၄ ရက်အကြာတွင် ကယ်ဆယ်နိုင်ခဲ့

နိုင်ရိုဘီ ၊ မေ ၄ ရက် (ဆင်ဟွာ)
ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီတွင် အဆောက်အဦးအပျက်အစီးများကြား နာရီပေါင်း ၈ဝ အကြာ ပိမိနေသော မိန်းကလေးငယ်တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။
အသက် ၁ နှစ်ခွဲအရွယ် မိန်းကလေးငယ်ကို စောင်ဖြင့်ထုတ်ပိုးထားကာ ပုံးတစ်လုံးအတွင်း၌ တွေ့ရှိခဲ့ကြသည်။ သူမ ကို ဆေးရုံသို့ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး ဆရာဝန်များ၏အဆိုအရ သူမတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ခု မတွေ့ဟုဆိုသည်။
ဧပြီ လ ၂၉ ရက်နေ့ ည က မိုးပြင်းထန်စွာရွာသွန်းခဲ့မှုကြောင့် နိုင်ရိုဘီမြို့ အစွန်ရှိ ဟူရူမာခရိုင် အတွင်းရှိ အဆောက်အဦးပြိုကျမှုဖြစ်ပွားခဲ့သည်။ ထို မတော်တဆ ဖြစ်စဉ်အတွင်း လူပေါင်း ၁၃၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၂၃ ဦးမှာ သေဆုံးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.