Videos
အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွား
အတွင်းမွန်ဂိုလီးယား၊ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Swan ရေကန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ခရီးသွားများလာရောက်လည်ပတ်နေသည့်နေရာတစ်ဝိုက်တွင်ဩဂုတ် ၉ ရက် မွန်းလွဲ ၃နာရီခွဲဝန်းကျင်က အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်သွားခြင်းဖြစ်သည်။
လေဆင်နှာမောင်းကြောင့် တဲအိမ် သဏ္ဍာန် ဆောက်လုပ်ထားသည့် အနားယူစခန်းပေါင်း ၁၀၀ ကျော် ပျက်ဆီးခဲ့သည်။ထိခိုက်ဒဏ်ရာရသူများထဲတွင် ခရီးသွားဧည့်သည်များနှင့် ဝန်ထမ်းအချို့ပါဝင်ပြီး ၃ ဦးမှာ စိုးရိမ်ရသည့်အနေအထားရှိကာ လက်ရှိတွင် လူနာများအားလုံး ကို ဆေးရုံတွင်ဆေးကုသမှုပေးလျက်ရှိကြောင်းသိရသည်။ (Xinhua)