Videos
အနှစ် ၂ဝ အတွင်း စင်ကာပူနိုင်ငံအားကျော်နိုင်ရန် မြန်မာပြည်သူများ အားလုံးလက်တွဲပါဝင်ရမည်ဟုဆို
စင်ကာပူ ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ အနေဖြင့် နှစ် ၂၀ အတွင်း စင်ကာပူ နိုင်ငံအား ကျော်နိုင်ရန် ကဏ္ဍတိုင်းတွင် ပြည်သူပြည်သားများ ပါဝင်ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူရောက် မြန်မာ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပြည်သူပြည်သားများ အားလုံး တစ်ဦးချင်း အလိုက်တန်ဖိုးရှိကြောင်း၊ ကဏ္ဍတိုင်း တွင် ပြည်သူ ပြည်သား များ ပါဝင် မှ မိမိတို့ အနေဖြင့် အနှစ် ၂၀ အတွင်း လုပ်ချင်တာ လုပ် နိုင်မှာ ဖြစ် ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် မည်သည့် ကိစ္စဖြစ်စေ အောင်မြင်အောင် လုပ်ဆောင်ရန် အားလုံးတွင် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ထို့အတူ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံသားများ၏ ပြည်ပ အလုပ်အကိုင်များ နှင့် စပ်လျဉ်း၍ လည်းဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရ၏ မူဝါဒနှင့် လုပ်ငန်းရည်ရွယ်ချက်များတွင် အဓိက ကျသည့် အချက်ကြီးနှစ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် လျက် ရှိကြောင်း ၊ ပြည်သူပြည်သားများ တစ်ယောက်ချင်းစီ၏ အင်အားများသည် မိမိနိုင်ငံ၏ စွမ်းအား ဖြစ်သည့် အတွက် မိမိကိုယ်ကို အင်အားရှိအောင် ကြိုးပမ်းစေလိုကြောင်း ၊ ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည့် အရည်အချင်းဖြင့် တိုးတက်အောင် ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း ၊ မိမိရောက်ရှိနေသည့် နိုင်ငံပေါ် မူတည်၍ အကောင်းဆုံးသော အခြေအနေကောင်းများရယူပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်စေ လိုကြောင်း၊ မိမိတို့ သားသမီးများကိုလည်း မိမိနိုင်ငံအပေါ် မေ့လျော့ မသွားစေရန်၊ နိုင်ငံချစ်စိတ်ဖြင့် ပြုစုပျိုးထောင်ကြရန်လည်း တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။(Xinhua)