Videos
“အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း”— ဂျပန် စစ်ကျန် တစ်ဦး၏ တရုတ် နိုင်ငံ အပေါ် မခွဲခွာ နိုင်သော သံယောဇဉ် မှတ်တမ်းတင် ရုပ်ရှင် ဗီဒီယို အပိုင်း (၁)
ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ဒုတိယကမ္ဘာစစ်ကာလတွင် မွေးဖွားခဲ့သူ နာကာဂျီမာ ယိုဟာချီ က ငယ်စဉ်အချိန် ၌ “ဂျပန် နယ်မြေချဲ့ထွင်နေထိုင်ရေးအဖွဲ့”အဖွဲ့ဝင် မိဘများနှင့်အတူ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသသို့ ရောက်ရှိလာပါတယ်။
ဂျပန်စစ်ရှုံးပြီးနောက် သေမင်းနှုတ်ခမ်းဝမှာ လမ်းလျှောက်နေတဲ့ သူ့အား တရုတ်လယ်သမား မိသားစုက ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ကျေးလက်တောရွာဟာနာကာဂျီမာ တစ်ဖြစ်လဲ လှိုင်ဖူ ကြီးပြင်းရာနေရာ ဖြစ်ပြီး စာမတတ်သော ဝမ်းဆွဲလက်သည်က လှိုင်ဖူကြီးပြင်းအောင် ကျွေးမွေးပြုစု မေတ္တာရေစင်တိုက်ကျွေးခဲ့သော မွေးစားမိခင် ဖြစ်ပါတယ်။
သေမှာကိုတွေ့လျက်နဲ့ လက်ပိုက်ကြည့်တာက အကုသိုလ်ကျူးလွန်တယ်လို့ ယူဆသူ မွေးစားအမေ ဆွန်ကျန့်ချင်၊ ဒုက္ခပင်လယ်များအကြား ဖြူစင်တဲ့ကြင်နာမေတ္တာများ မျှဝေဖြန့်ကျဲခဲ့တဲ့ တရုတ်လူမျိုးများ၊ စစ်ဘေးမီးလျှံများကြား ပြာကျခဲ့တဲ့ နေရာတွင် ငြိမ်းချမ်းရေး နှင့် မေတ္တာရေစင်များ ဖျန်းပက်ခဲ့ကြ သည့် အကြောင်းအရာများကို “အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း”— ဂျပန် စစ်ကျန် တစ်ဦး၏ တရုတ် နိုင်ငံ အပေါ် မခွဲခွာ နိုင်သော သံယောဇဉ် မှတ်တမ်းတင် ရုပ်ရှင် ဗီဒီယို အပိုင်း (၁)ထဲတွင်ရှုစားနိုင်ကြပါသည်။ (Xinhua)