Videos
“အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း” ဂျပန် စစ်ကျန် တစ်ဦး၏ တရုတ် နိုင်ငံ အပေါ် မခွဲခွာ နိုင်သော သံယောဇဉ် မှတ်တမ်းတင် ရုပ်ရှင်ဗီဒီယိုအပိုင်း (၅) ဇာတ်သိမ်းပိုင်း
ရန်ကုန် ၊ ဒီဇင်ဘာ ၂ဝ ရက် (ဆင်ဟွာ)
နာကာဂျီမာ ယိုဟာချီ ၏ “အဘယ်ကြောင့် ဤကဲ့သို့သောဘဝမျိုးနှင့်ကြုံတွေ့ရပါသနည်း ” မှတ်တမ်းတင် ရုပ်ရှင်ဗီဒီယို အပိုင်း (၅) ဇာတ်သိမ်းပိုင်းထဲတွင် ဂျပန်စစ်ကျန် ကလေးငယ်ဘဝ အတွေ့အကြုံပြခန်း ဆောင်ရွက်ဖြစ်ခဲ့ပုံနှင့် နာကာဂျီမာ ယိုဟာချီရဲ့ အမိမြေ နှင့် ကြီးပြင်းရာမြေ ခရီးစဉ်များကို ရိုက်ကူးတင်ဆက်ထားပါသည်။
ဒုတိယ ကမ္ဘာစစ် အတွင်း မိဘမဲ့ ကလေးပေါင်း ၄၀၀၀ ကျော် က တရုတ် နိုင်ငံ တွင် ကျန်ရစ် ခဲ့သည်။ ၎င်းတို့အား မွေးစားတဲ့ တရုတ်နိုင်ငံ မှ မိဘများမှာ စုစုပေါင်း ၁၀,၀၀၀ ကျော်ရှိ ဲ့သည်။ အထူးသဖြင့် စစ်ဒဏ် အနက်ရှိုင်းဆုံးခံခဲ့ရတဲ့တရုတ် နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင် အများဆုံး ပါ စစ်ကျန် ဂျပန် ကလေးငယ် များက ဂျပန် နိုင်ငံဟာ ၎င်းတို့၏ အမိမြေ ဖြစ်ပြီး တရုတ် နိုင်ငံ က ၎င်းတို့ အတွက် ကြီးပြင်းရာမြေဖြစ် ကြောင်း ပြောကြားခဲ့ကြသည်။
ဆင်ဟွာသတင်းဋ္ဌာနမှ အချိန် ၃ နှစ်ကြာရိုက်ကူးတည်းဖြတ်ခဲ့ရသည့် နာကာဂျီမာ ယိုဟာချီ ၏ “အဘယ်ကြောင့် ဤကဲ့သို့သောဘဝမျိုးနှင့်ကြုံတွေ့ရပါသနည်း ” မှတ်တမ်းတင် ရုပ်ရှင်ဗီဒီယိုအပိုင်း (၅) ဇာတ်သိမ်းပိုင်း ကိုအောက်ပါ video ထဲတွင်ကြည့်ရှုနိုင်ပါသည်။(Xinhua)