Connect with us

Videos

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုတိုးတက်ပြောင်းလဲလာစေမည်

ပေကျင်း၊ ဒီဇင်ဘာ ၂ဝ ရက်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ပိုမိုတိုးတက်ပြောင်းလဲလာမည့် မျှော်လင့်ချက်များကိုယူဆောင်ပေးနိုင်မည်ဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ အဓိက အစိတ်အပိုင်းအဖြစ် လာအိုနိုင်ငံ မြောက်ပိုင်း Hadkhae ကျေးရွာရှိ Nam Ou မြစ် ရေအားလျှပ်စစ်စီမံကိန်း တစ်ခုကို တရုတ်နိုင်ငံ Chin Power Resources ltd ၏အကူအညီဖြင့် တည်ဆောက်ခဲ့သည်။ ၎င်းမှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံကျသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဆင့်မြှင့်တင်သည့် ဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ၂ဝ၁၆ ခုနှစ် မတ်လတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည်။ ထိုနိုင်ငံများမှာ မဲခေါင်မြစ် (တစ်နည်း) လန်ချန်းမြစ်နှင့် ဆက်နွယ်လျက်ရှိသည့် နိုင်ငံများလည်းဖြစ်သည်။

ထို့အတူ ၄ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို လာအိုနိုင်ငံ Luang Prabang တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့၌ ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဝန်ကြီး ဝမ်ရိက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် အောင်မြင်မှုများစွာကို ရရှိခဲ့ပါကြောင်း၊ လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများတွင် အခြေခံ အဆောက်အဦဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းပေါင်း ၃ဝကျော်ကို ဆောင်ရွက်လျက်ရှိပါကြောင်း ၊ လန်ချန်း-မဲခေါင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရပ်ဝန်းတစ်ခုကို အတူတည်ဆောက်ကြပါရန် အထူးတိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီးဝန်ကြီးဝမ်ရိက လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် လမ်းကြောင်း ၆ ခုကို လည်း ထုတ်ဖော်ရှင်းလင်းခဲ့သည့်အပြင်၊ ကောင်းမွန်ပြီး ရေရှည် အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးတိုးတက်မှုများ ကို ဆောင်ကျဉ်းပေးနိုင်ရန်လည်း မိမိတို့ တရုတ်နိုင်ငံအနေဖြင့် ဆောင်ရွက်သွားပါမည်ဟု အတည်ပြုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.