Videos
အမေရိကန်နိုင်ငံသို့သွားရောက်ပညာသင်ယူကြမည့်တရုတ်ကျောင်းသားများအနေဖြင့် အခက်အခဲများကြုံတွေ့နိုင်ကြောင်း တရုတ်ပညာရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်
ပေကျင်း၊ ဇွန် ၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့သွားရောက်ပညာသင်ယူကြမည့် ကျောင်းသားများနှင့် ပညာရှင်များ အနေဖြင့် အခက်အခဲ အတားအဆီးများကြုံတွေ့လာနိုင်ကြောင်း တရုတ်နိုင်ငံပညာရေးဝန်ကြီးဋ္ဌာနက သတိပေးပြောကြားခဲ့သည်။ ပညာရေးဝန်ကြီးဋ္ဌာနအနေဖြင့် အမေရိကန်ဗီဇာ တင်းကျပ်ထားမှုကို ကိုးကားကာ ကျောင်းသားများတွင် ထိခိုက်နစ်နာမှုများတိုးပွားလာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများပိုမို ပြုလုပ်ထားရန်လိုအပ်ကြောင်းဆိုသည်။ အဆိုပါသတိပေးချက်မှာ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးပိတ်ဆို့မှုများအကြား တရုတ်နိုင်ငံအနေဖြင့် မိမိ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ထုတ်ပြန်သည့် သတိပေးချက်များထဲမှ တစ်ခုလည်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ပညာလေ့လာမည့် တရုတ်လူမျိုးတစ်ချို့၏ ဗီဇာ လျှောက်ထားချက်များကို မကြာသေးမီက ပယ်ချမှုများဖြစ်ပွားခဲ့ကြောင်း၊ သုံးသပ်မှုှများထပ်မံပြုလုပ်ကာ လူဦးရေလက်ခံမှုကိုလည်းလျှော့ချခဲ့ကြောင်း၊ ပြည်ဝင်ခွင့်ငြင်းပယ်မှုများကို တိုးမြှင့်ခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ပညာသင်ကြားမည့်သူများနှင့် လက်ရှိပညာသင်ယူနေကြသူများ အနေဖြင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်ကြောင်း တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Xu Mei က ဆိုသည်။(Xinhua)