Videos
အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်၌ ပစ်ခတ်မှုဖြစ်ပွားရာ သေနတ်သမားအား ပစ်သတ်ဖမ်းဆီးခဲ့ရ
ဝါရှင်တန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်(Ohio) ၌ သြဂုတ် ၄ ရက် တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဆိုသည်။
၎င်းပစ်ခတ်မှုမှာ ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် Dayton မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ သေနတ်သမားကို အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်။ အခြားလူ ၉ဦးလည်း သေဆုံးခဲ့ရတယ်။ ပြီးတော့ နောက်ထပ်ဒဏ်ရာရတဲ့ အနည်းဆုံး လူ ၁၆ ယောက်ကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်” ဟု Dayton ရဲဌာနက တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။
ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI)အနေဖြင့် အခင်းဖြစ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုလုပ်ငန်းများတွင် အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုပစ်ခတ်မှုသည် အမေရိကန်နိုင်ငံ၌ ၂၄ နာရီအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားသော လူအမြောက်အမြားသေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်သည်။ (Xinhua)