Connect with us

Videos

အမေရိကန်နိုင်ငံတက္ကဆက်စ်၌ ပစ်ခတ်မှုဖြစ်ပွားရာ လူ ၂ဝ ဦးသေဆုံး ၊ အခြား ၂၆ ဦးဒဏ်ရာရ

ဟူစတန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ သြဂုတ် ၃ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး အခြား ၂၆ ဦးဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

သံသယတရားခံ ပစ်ခတ်မှုကျူးလွန်သူကို ဖမ်းမိထားပြီးဖြစ်ကြောင်း ၊ ၎င်းမှာ အသက် ၂၁ နှစ်အရွယ် တက္ကဆက်စ်မှ လူဖြူတစ်ဦးဖြစ်ကြောင်း တက္ကဆက်စ်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ Greg Allen က ဆိုသည်။

တက္ကဆက်စ်ပြည်နယ်အစိုးရအနေဖြင့် တရားခံကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နှင့် လူသတ်မှုဖြင့် တရားစွဲဆိုသွားရန် စီစဉ်ထားကြောင်း Allen က ဆိုသည်။

သေဆုံးသူများစုမှာ တက္ကဆက်စ်ပြည်နယ် Walmart El Paso ဈေးဝယ်စင်တာ၌ အပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ၊ စင်တာအတွင်းဈေးဝယ်သူ ၃ဝဝဝ ခန့်ဖြင့် လူစည်ကားနေချိန်၌ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.