Videos
အမျိုးသားပန်ဒါဥယျာဉ်ကြီးတစ်ခုကိုတည်ဆောက်ရန်စီစဉ်
ယန်အန်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ပန်ဒါများအတွက် အမျိုးသားပန်ဒါဥယျာဉ်ကြီးတစ်ခုကို စီချွမ်ပြည်နယ် အနောက်တောင် ဘက် ယန်အန်းမြို့၌ တည်ဆောက်သွားမည်ဟုသိရသည်။ကျွမ်းကျင်သူများ၏ အကြံဉာဏ်များကို အခြေခံ၍ ထိုသို့တည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါ ဥယျာဉ်ကြီးကို ကီလိုမီတာ ၄၈ဝဝဝ ကျော်ကို အသုံးပြု၍ တည်ဆောက်သွားမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းအားဖြင့် သဘာဝ တောတောင်များကို ပါ ထိန်းသိမ်းရာရောက်နိုင်သည်။
ပေါင်းရှင်းစီရင်စုရှိ ပန်ဒါကြီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ထိန်းသိမ်းရေး စင်တာမှ တရုတ်နိုင်ငံရှိ ပန်ဒါကြီးများ၏ အလေ့အထကို မှတ်တမ်းတင်ထားသည်။ ကျွမ်းကျင်သူများက အဆိုပါ အမျိုးသားပန်ဒါဥယျာဉ်ကို တည်ဆောက်ပေးခြင်းဖြင့် ကျန်ရှိနေသည့် ပန်ဒါမျိုးစိတ်များကို ကာကွယ်ပေးရာ ရောက်ကြောင်း ဆိုသည်။ ပန်ဒါကြီးများမှာ မွေးဖွားနှုန်းနည်းခြင်းနှင့် အမူအကျင့်များတဖြေးဖြေးပြောင်းလဲခြင်း တို့ကြောင့် ကမ္ဘာပေါ်တွင် မျိုးသုန်းပျောက်ကွယ်နိုင်မည့် အန္တရာယ်ကို ရင်ဆိုင်နေကြရ ပြီး ရှန်ရှီး၊ စီချွမ် နှင့် ကန်းစု ပြည်နယ်များရှိ တောထဲတွင်လည်း အကောင်ရေ ၂ထောင်အောက် သာ ကျန်ရစ်သည်။ (Xinhua)