Videos
အမှုဆောင်အရာရှိချုပ် ဇူကာဘတ်က အချက်အလက်ပေါက်ကြားမှုဖြစ်စဉ်တွင် အမှားအယွင်းရှိခဲ့ကြောင်း ဝန်ခံ
ဆန်ဖရန်စစ္စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ)
ဖေ့ဘွတ်ခ်(Facebook) လူမှုကွန်ရက်၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်(Mark Zuckerberg) က နိုင်ငံရေးရည်မှန်ချက်များအတွက် Facebook အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အလွဲသုံးစားပြုမှုများ ရှိခဲ့သည်ဆိုသည့် သတင်းပေါက်ကြားမှုတွင် ကုမ္ပဏီအနေဖြင့် အမှားအယွင်းပြုလုပ်ခဲ့မှုများ ရှိကြောင်း မတ်လ ၂၁ ရက်တွင် ဝန်ခံပြောကြားလိုက်သည်။
၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဗြိတိန်နိုင်ငံအချက်အလက်စိစစ်ခန့်ခွဲမှုကုမ္ပဏီတစ်ခုဖြစ်သည့် Cambridge Analytica တို့အကြား ချိတ်ဆက်ပြီး Facebook အသုံးပြုသူ သန်း ၅ဝ ကျော်၏ ကိုယ်ရေးအချက်အလက်များကို အလွဲသုံးစားပြုခဲ့ကြောင်း အမေရိကန် နှင့် ဗြိတိန်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများက စွပ်စွဲ ရေးသားခဲ့ခြင်းအပေါ် Facebook က ဝန်ခံခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖြစ်ရပ်မျိုး နောက်ထပ်မပေါ်ပေါက်စေရန် Facebook အနေဖြင့် ကြိုတင်ကာကွယ်ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇူကာဘတ်က ဆိုသည်။(Xinhua)