Connect with us

Videos

ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့ ကတိသစ္စာပြု

နေပြည်တော်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၁)ရက်မြောက်နေ့ အစည်းအဝေးတွင် ယနေ့ ရွေးချယ် တင်မြှောက်ခံရသော ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့သည် ပြည်သူ့လွှတ်တော် သဘာပတိ ဦးခင်မောင်ဝင်းရှေ့မှောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

ကွက်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်သည် ထောက်ခံမဲ ၂၈၀၊ ကန့်ကွက်မဲ ၁၂၄ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရခြင်းဖြစ်သည်။ ဒီမိုကရေစီ ရှင်သန်ခိုင်မာမှုနှင့် လူ့အခွင့်အရေးများ မြှင့်တင်နိုင်မှု၊ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှု စသည့်တို့ကို အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ ပြည်သူ့လွှတ်တော်၌ နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခေါ်)ဦးထွန်းထွန်းဟိန် သည် ထောက်ခံမဲ ၂၇၀မဲနှင့် ကန့်ကွက်မဲ ၁၃၃မဲဖြင့် ရွေးချယ် တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၁)ရက်မြောက်နေ့ အစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ ၄၃၃ဦးအနက် ၄၁၂ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.